images
UN
UN
ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင်က ရေဘေးသင့်ပြည်သူများသို့ထောက်ပံ့လှူဒါန်း
စိုးတင်မြင့်(ရွှေကြို့မြေ) Saturday, 07 September 2019
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်အတွင်း ရေကြီး ရေလျှံခံရသော ကျေးရွာများသို့ ယနေ့ မွန်းလွဲ ၁၂နာရီခွဲခန့်ကပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်၊ တိုင်းဒေသကြီးပါတီနာယက၊ပထမအကြိမ် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးဝင်းတင် ဦးစီးသော ပြည်ခိုင်ဖြိုးပါတီအဖွဲ့ ၃ဝ တို့ သည် ခေါက်ဆွဲ၊ ဆပ်ပြာ၊ ရေသန့်ဘူး၊ ဖယောင်းတိုင်၊ ခြင်ဆေးခွေ စသည်တို့ဖြင့် ကျေးရွာများသို့သွားရောက်ကာ ထောက်ပံ့မှု များပြုခဲ့ကြောင်း သိရသည်။ ယင်းအဖွဲ့ သည် လှူဒါန်းမှုအပြီးတွင် ကြို့ပင်ကောက် ပြည်ခိုင်ဖြိုးရုံးသို့ ဝင်ရောက်ကာ ပါတီ၏ ရှေ့လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးပြီး ကြို့ပင်ကောက် မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် တိုင်းနာယက ဦးဝင်း မြင့်စိုး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်မောင်လွင် နှင့်ပါတီအဖွဲ့က စားသောက်ဖွယ်ရာများ ဖြင့် ဧည့်ခံခဲ့ကြောင်း သိရသည်။