images
UN
UN
ကော့ကရိတ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ မြို့ပေါ်ရပ်ကွက်ရှိ စာသင်ကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
ခင်နီနီအောင် Saturday, 07 September 2019
ကော့ကရိတ်မြို့နယ် အမှတ်(၃)ရပ်ကွက် စက်ကြီးလမ်းနှင့် ပန်းခြံလမ်းထောင့်ရှိ အမက(၅) စာသင်ကျောင်းအား ယနေ့ မွန်းလွဲ ၂ နာရီတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမင်းဇော်ဇော်လတ် ဦးဆောင်၍ ရပ်ကွက် ပါတီဥက္ကဋ္ဌများ၊ ပါတီဝင်များ၊ လူငယ် ပါတီဝင်များ စုစုပေါင်းအင်အား ၄၇ဦးဖြင့် စာသင်ကျောင်းဘေးပတ်လည် ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ ရေစီးရေလာ ကောင်းမွန်အောင် ရေမြောင်းများပြန်လည် တူးဖော်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။