images
UN
UN
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဧရာဝတီတိုင်းဒေသကြီးဥက္ကဋ္ဌ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးနည်းပြသင်တန်းဖွင့်ပွဲသို့တက်ရောက်
Saturday, 07 September 2019
ဧရာဝတီတိုင်းဒေသကြီး မြောင်း မြခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် ယနေ့နံနက် ၉ နာရီက ရွေးကောက်ပွဲဆိုင်ရာ ပညာပေးနည်းပြ(ဆင့်ပွား)သင်တန်း ဖွင့်ပွဲကို ကျင်းပခဲ့ကြသည်။
အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဧရာဝတီ တိုင်းဒေသကြီး ဥက္ကဋ္ဌဦးÓဏ်လင်း တက်ရောက်၍ အမှာစကားပြော ကြားရာတွင် မိမိတို့ပါတီသည် လာမည့်ရွေးကောက်ပွဲတွင် သန့် ရှင်းစွာ ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ရွေးကောက်ပွဲဆိုင်ရာအသိသတိများကိုလည်း လေ့လာထားရမှာဖြစ်ကြောင်း၊ ရပ်ကျေး ပါတီဝင်များအထိ ရွေးကောက်ပွဲဆိုင်ရာ ပညာရပ်များသိရှိနိုင်အောင် ရည်ရွယ်ဖွင့် လှစ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ပါတီကော် မတီဝင်ဦးပြုံးချိုက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့်ပတ်သက်၍အကြံပေးတင်ပြ ခဲ့ပြီး မြောင်းမြခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးအောင်မြင့်က သင်တန်းဖွင့်လှစ် ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။ အဆိုပါသင်တန်းကို မြောင်းမြခရိုင်အတွင်းရှိ ခရိုင်ပါတီကော် မတီဝင်များ၊ မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မ မြို့များမှပါတီဥက္ကဋ္ဌ၊ ပါတီအတွင်းရေးမှူး နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အရန် ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြ သည်။သင်တန်းကို မြောင်းမြခရိုင်အတွင်း ရှိ မြို့နယ်များမှ ကျေးရွာများအထိ မိမိတို့ ပါတီဝင်ကေဒါများနှင့်ပြည်သူများထံ ရွေး ကောက်ပွဲဆိုင်ရာပညာရပ်များ သိရှိအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း သင်တန်း နည်းပြ မြောင်းမြခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးအောင်မြင့်က ပြောကြားခဲ့သည်။
ရွေးကောက်ပွဲဆိုင်ရာပညာပေးနည်းပြ ဆင့်ပွားသင်တန်းကို မြောင်းမြခရိုင် ပြည် ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးအောင်မြင့်၊ မြောင်းမြ မြို့နယ်ပါတီ ဥက္ကဋ္ဌဦးဝင်းမော်တို့က သင် ကြားပို့ချဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရ သည်။
ကျော်သူရဦး(အိမ်မဲ)