images
UN
UN
တပ်မတော်မှ ဌာနဆိုင်ရာဝန်ထမ်းများအား အသားငါးနှင့်ဟင်းသီးဟင်းရွက်များရောင်းချပေး
Saturday, 07 September 2019
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်အတွင်းရှိ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းမှ ပညာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှဝန်ထမ်းများ၊ မြို့နယ်၊ ခရိုင်၊ စုပေါင်း ရုံးဝန်ထမ်းအိမ်ရာများနှင့်ဒေသခံပြည်သူများသို့ယနေ့ နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နှင့်တပ်ရင်းရဲတပ်ဖွဲ့များမှ စိုက်ပျိုးထွက်ရှိသည့် ပိုလျှံသော သန့်ရှင်းလတ်ဆတ်သည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များရောင်းချပေးရာ စုစုပေါင်း ဝက်သား ပိဿာ ၆ဝ၊ ကြက်သားပိဿာ ၅ဝ ၊ ကြက်ဥအလုံး ၅ဝဝဝ ၊ နွားနို့ ပိဿာ ၂ဝ နှင့်ဟင်းသီးဟင်းရွက်များအား ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးနေပြီး တပ်မတော်ထုတ်အင်္ကျီ၊ ပုဆိုး၊ ကျောင်းဝတ်စုံ၊ အစားအစာများနှင့် မီးဖိုချောင်သုံးပစ္စည်းများလည်း ရောင်းချပေးခဲ့ကြောင်း သိရသည်။ WT