images
UN
UN
သင်္ဃန်းကျွန်းမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့မိသားစု တတိယအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း
မေနဒီမြနွယ် Saturday, 07 September 2019
ရန်ကုန်တိုင်းဒေသကြီးသင်္ဃန်း ကျွန်းမြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့မိသားစုများက(တတိယအကြိမ် မြောက်)စုပေါင်းဝါဆိုသင်္ကန်းကပ် လှူပွဲကို ယနေ့နံနက်၉နာရီခွဲခန့်က သင်္ဃန်းကျွန်းမြို့နယ် စစ်မှုထမ်း ဟောင်းအဖွဲ့ရုံး၌ ကျင်းပခဲ့သည်။
ဝါဆိုသင်္ကန်းဆက်ကပ်လှူ ဒါန်းရခြင်းနှင့်ပတ်သက်၍သင်္ဃန်း ကျွန်းမြို့နယ် စစ်မှုထမ်းဟောင်း ဥက္ကဋ္ဌ ဗိုလ်မှူးဝင်းတင့်(ငြိမ်း)က ''ကျွန်တော်တို့အနေနဲ့ ၁၂လရာသီ ပွဲတွေလုပ်ပေးရင်းနဲ့ မြို့နယ်ထဲမှာရှိ တဲ့စစ်မှုထမ်းဟာင်းအဖွဲ့တွေကို ဒါနကုသိုလ်ရအောင် လုပ်ပေးတာ ဖြစ်ပါတယ်။ ဝါဆိုလမှာ ဝါဆို သင်္ကန်းကပ်လှူတယ်။ တပေါင်း လမှာဆိုရင် စုပေါင်းရဟန်းခံရှင်ပြု ပွဲလုပ်တယ်။ ကျွန်တော်တို့တွေက ဗုဒ္ဓဘာသာဝင်တွေဖြစ်တာနဲ့အညီ အခုလို ဒါနကုသိုလ် ပြုခွင့်ရတဲ့ အပေါ်မှာ အလွန်ကို ပီတိဖြစ် ပါတယ်။ နောင်နှစ်တွေမှာလည်း စစ်မှုထမ်းဟောင်းမိသားစုဝင်တွေ အားလုံးအခုလိုပဲ စည်းစည်းလုံးလုံး နဲ့ဒါနကုသိုလ်ရဖို့နဲ့နောင်ဘဝတွေ အတွက် ဘဝကူးကောင်းဖို့ နှစ်စဉ် ဆက်လက်လုပ်ဆောင်သွားမှာဖြစ် ပါတယ်''ဟု ၄င်းက ပြောသည်။
အဆိုပါပွဲသို့ သင်္ဃန်းကျွန်း မြို့နယ် စစ်မှုထမ်းဟောင်းဥက္ကဋ္ဌ ဗိုလ်မှူးဝင်းတင့်(ငြိမ်း)၊စည်းရုံးရေးမှူး ဗိုလ်ကြီးသန်းအေး(ငြိမ်း)နှင့် အမှု ဆောင်များ၊ ရပ်ကွက်စည်းရုံးရေး မှူးများ၊ ဖိတ်ကြားထားသောဧည့် သည်တော်များ၊ စထဟအဖွဲ့ဝင် များနှင့်မိသားစုဝင်များတက်ရောက် ၍ သင်္ဃန်းကျွန်း ဓမ္မဝိဟာရပထမ ကျော်စာသင်တိုက်နှင့်ဓမ္မရိပ်သာ ကျောင်းတိုက်မှသံဃာတော်ငါးပါး အား ထီး၊ ဖိနပ်၊ ယပ်၊ဝါဆိုသင်္ကန်း နှင့် နဝကမ္မဝတ္ထုငွေများ လှူဒါန်း ပြီးတရားတော်နာယူရေစက်ချအမျှ ပေးဝေပြီး နေ့ဆွမ်းများကို ဆက် ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။