ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
တိုင်းတာဝန်ခံနှင့် ရပ်ကျေးဥက္ကဋ္ဌများတွေ့ဆုံ
သောင်းဌေး
Saturday, 07 September 2019
စစ်ကိုင်းတိုင်းဒေသကြီးကသာ ခရိုင် ပင်လည်ဘူးမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ရုံးခန်းမတွင် ယနေ့ နံနက် ၁ဝနာရီက တိုင်းတာဝန်ခံနှင့် ရပ်/ ကျေးပါတီဥက္ကဋ္ဌများ တွေ့ဆုံပွဲ ကျင်းပခဲ့ကြသည်။
ထိုတွေ့ဆုံပွဲ၌ စစ်ကိုင်းတိုင်း ဒေသကြီးလူငယ်တာဝန်ခံဦးအောင် ကိုစံ၊ကသာခရိုင်ပါတီဥက္ကဋ္ဌဦးထွန်း အောင်ဝင်း၊ ခရိုင်အတွင်းရေးမှူး ဦးမင်းဇော်မြင့်နှင့်ခရိုင်ပါတီကော် မတီဝင် ဦးမြင့်ကျော်တို့ တက် ရောက်ခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲတွင် ပင် လည်ဘူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးဝင်းသိန်းနှင့် မြို့နယ်ပါတီ အတွင်းရေးမှူး၊မြို့နယ်ပါတီကော် မတီဝင်များ၊အရန်ကော်မတီဝင် များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌများနှင့် ပါတီဝင် ၈ဝ တက်ရောက်ခဲ့ကြပြီး ပါတီ၏ရှေ့လုပ်ငန်းစဉ်များညှိနှိုင်း ဆွေးနွေးကာတွေ့ဆုံပွဲကို ယနေ့ နံနက် ၁၁ နာရီခွဲတွင် အောင်မြင်စွာ ကျင်းပခဲ့ကြသည်။