images
UN
UN
ဘိုကလေးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးစွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်
မေလေး(ဘိုကလေး) Saturday, 07 September 2019
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ ခရိုင် ဘိုကလေးမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံးခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်အတွင်းရှိ ရပ် ကွက်ကျေးရွာ အုပ်စု ၈၆အုပ်စုမှ ရပ်/ကျေးပါတီဥက္ကဋ္ဌများကို စည်း ရုံးရေးစွမ်းရည်များပိုမိုမြင့်မားစေ ရန်ရည်ရွယ်ချက်ဖြင့် စည်းရုံးရေး စွမ်းရည်မြှင့်သင်တန်းကို ဖွင့်လှစ် ပေးကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ခရိုင်ပါတီ ဥက္ကဋ္ဌဦးစန်းမောင်ကဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကိုပြောကြား ဖွင့်လှစ် ပေးပြီး မြို့နယ်ပါတီဥက္ကဋ္ဌ၊အတွင်း ရေးမှူးနှင့် မြို့နယ်ပါတီကော်မတီ ဝင်များက ဘာသာရပ်ခုနစ်ရပ်ဖြင့် ပို့ချခဲ့သည်။
သင်တန်းသို့ရပ်/ကျေးပါတီ၈၆ အုပ်စုမှပါတီဥက္ကဋ္ဌ ၈၆ ဦးနှင့် မြို့နယ်ပါတီကော်မတီဝင် ၁၅ ဦး စုစုပေါင်းအင်အား ၁ဝ၁ ဦးက တက်ရောက်ခဲ့ပြီး သင်တန်းကို ယခုလ ၈ ရက် နံနက် ၁၁ နာရီ တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရ သည်။