images
UN
UN
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကယားပြည်နယ်ဥက္ကဋ္ဌ ဖရူဆိုမြို့နယ် ရပ်ကျေးအုပ်စု ပါတီဥက္ကဋ္ဌများ စွမ်းဆောင်ရည်မြှင့်သင်တန်းဖွင့်ပွဲ တက်ရောက်
Saturday, 07 September 2019
ကယားပြည်နယ် လွိုင်ကော် ခရိုင် ဖရူဆိုမြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံးခန်းမတွင် ပြည်ခိုင်ဖြိုး ပါတီဝင် ရပ်ကွက်ကျေးရွာအုပ်စု ဥက္ကဋ္ဌများအား စွမ်းဆောင်ရည်မြှင့် သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉နာရီမှ ၉နာရီခွဲအထိကျင်းပခဲ့ သည်။ပထမဦးစွာ အခမ်းအနားကို နိုင်ငံတော်အလံအား အလေးပြုပြီး နိုင်ငံတော်သီချင်းဖြင့် သီဆိုဖွင့်လှစ် သည်။ယင်းနောက် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ကယား ပြည်နယ်ပါတီဥက္ကဋ္ဌဦးပိုးရယ်အောင် သိန်းက သင်တန်းဖွင့်အမှာစကား ပြောကြားသွားသည်။
ဆက်လက်၍ ဖရူဆိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဆား ရယ်က သင်တန်းဖွင့်လှစ်ရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ သည်။
ကယားပြည်နယ် ပြည်ခိုင်ဖြိုး ပါတီ ပြည်နယ်ကော်မတီဝင် ဦးရဲ ဝင်းက တက်ရောက်လာကြသူများ အား ပြည်နယ်ပါတီအဖွဲ့နှင့် သင် တန်းနည်းပြများအား ရင်းရင်းနှီးနှီး မိတ်ဆက်ပေးသည်။
ဆက်လက်ပြီး ကယားပြည် နယ် ပြည်ခိုင်ဖြိုးပါတီမှ ဖရူဆို မြို့နယ် ပြည်ခိုင်ဖြိုးပါတီသို့ သင် တန်းအတွက် ထောက်ပံ့ငွေများ ကို ပြည်နယ်ပါတီအတွင်းရေးမှူး ဦးကျော်မြင့်က ဖရူဆိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးဆားရယ် ထံသို့ ပေးအပ်လှူဒါန်းသည်။
ယနေ့ကျင်းပသောစွမ်းဆောင် ရည်မြှင့်သင်တန်းဖွင့်ပွဲအခမ်းအနား သို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင် ကယားပြည်နယ်ပါတီ ဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်း၊ ပြည် နယ်ပါတီအတွင်းရေမှူး ဦးကျော် မြင့်နှင့် ပြည်နယ်ပါတီကော်မတီ ဝင်များဖြစ်ကြသော ဦးရဲဝင်း၊ ဦးမော်ရယ်၊ဦးကျော်သင်း၊ဒေါ်ဒေါ ရစ်လေး၊ လွိုင်ကော်မြို့နယ် ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမောင်ရွှေ၊ ဖရူဆိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးဆားရယ်နှင့် မြို့နယ် ပါတီကော်မတီဝင်များ၊သင်တန်းနည်း ပြများ၊ ရပ်ကွက် ကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌများ၊ ဖိတ်ကြားထား သောဧည့်သည်တော်များ တက် ရောက်၍ သင်တန်းဖွင့်ပွဲပြီးသည် နှင့် နံနက် ၉ နာရီခွဲတွင် ပထမ ရက် ပထမဦးဆုံးအချိန်သင်ခန်းစာ အား ပြည်နယ်ပါတီအတွင်းရေးမှူး ဦးကျော်မြင့်က ရွေးကောက်ပွဲဆိုင် ရာ အသိပညာ ဘာသာရပ်ဖြင့် လည်းကောင်း၊ ပြည်နယ်ပါတီ ကော်မတီဝင် အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်ဒေါရစ်လေးက ဒေသနှင့်ကိုက်ညီသည့်စည်းရုံးရေး နည်းဗျူဟာဘာသာရပ်ဖြင့်လည်း ကောင်း အသီးသီးပို့ချပြီး သင် တန်းအချိန်ဇယားပါအတိုင်း ညနေ ၄နာရီ ၅၅မိနစ်အထိ ပို့ချမည်ဖြစ် ကြောင်းနှင့် ယနေ့သင်တန်းတွင် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့သည်။ သင်တန်းကို နှစ်ရက်သာ ပို့ချသွားမည်ဖြစ် ကြောင်း သိရသည်။
မမောင်(ချိကယ်သူ)