images
UN
UN
ရွေးကောက်ပွဲနေ့များတွင် နိုင်ငံရေးကြော်ငြာများ ဖေ့စ်ဘွတ်နှင့်ဂူဂဲလ်တို့က ပျံ့နှံ့စေခဲ့သည်ဟု ရုရှားပြောကြား
KK(IR) Monday, 09 September 2019
ဂူဂဲလ်နှင့် ဖေ့စ်ဘွတ်တို့သည် ယမန်နေ့ ဒေသဆိုင်ရာရွေးကောက် ပွဲများအတွင်း နိုင်ငံရေးဆိုင်ရာ ကြော်ငြာများကို တားမြစ်ရန် တောင်းဆိုခဲ့သော်လည်း ခွင့်ပြုခဲ့ သည်ဟု ရုရှားနိုင်ငံပိုင်ဆက်သွယ် ရေး လေ့လာစောင့်ကြည့်သည့် Roskomnadzor က ပြောကြားခဲ့ သည်ဟု သိရသည်။
ယင်းသို့လုပ်ဆောင်မှုသည် ရုရှား၏အချုပ်အခြာအာဏာရေး ရာကို ဝင်ရောက်စွက်ဖက်သကဲ့သို့ ဖြစ်ပြီး ရုရှားပြည်ထောင်စု၏ ဒီမို ကရေစီ ရွေးကောက်ပွဲလုပ်ဆောင် မှုများကို အဟန့်အတားဖြစ်စေ သည်ဟု စောင့်ကြည့်ရေးအဖွဲ့က ၄င်း၏ဝက်ဘ်ဆိုက်တွင် ဖော်ပြပြော ကြားခဲ့သည်။ ယင်းအကြောင်း အရာနှင့်ပတ်သက်ပြီး ဂူဂဲလ် သို့မဟုတ် ဖေ့စ်ဘွတ်တို့က မှတ် ချက်တစ်စုံတစ်ရာပေးအပ်ခြင်းမရှိ ပေ။ ရုရှားနိုင်ငံတွင် မော်စကိုအပါ အဝင် ဒေသဆိုင်ရာရွေးကောက်ပွဲ များကို ယမန်နေ့တွင် ကျင်းပခဲ့ ကြသည်။
ရွေးကောက်ပွဲ မတိုင်မီနေ့နှင့် ရွေးကောက်ပွဲနေ့များအတွင်း နိုင်ငံရေးကြော်ငြာများဖော်ပြခြင်း ကိုတားမြစ်ရန် ဖေစ့်ဘွတ်နှင့် ဂူဂဲလ်တို့ကို ရုရှား ဥပဒေနှင့်အညီ တောင်းဆိုခဲ့သည်ဟု Roskomna dzor က ယခုလ ၇ ရက်တွင် ပြော ကြားခဲ့သည် ဟု သိရသည်။
Ref: Reuters