images
UN
UN
ဆီးရီးယားတွင် ပိတ်မိနေသောနိုင်ငံသားများကို ပြန်လည်ခေါ်ယူနိုင်ရေး မလေးရှားရဲများ နိုင်ငံခြားအေဂျင်စီများနှင့်ပူးပေါင်းဆောင်ရွက်
KK (IR) Monday, 09 September 2019
မလေးရှားရဲများသည် ဆီးရီး ယားရှိ အစ္စလာမ်စစ်သွေးကြွအဖွဲ့ များနှင့်ပါဝင်ပတ်သက်မှုရှိသည်ဟု သံသယရှိသော မလေးရှားလူမျိုး များကို မလေးရှားနိုင်ငံသို့ ပြန် လည်ခေါ်ဆောင်နိုင်ရေး နိုင်ငံခြား စုံစမ်းရေးအဖွဲ့များနှင့် ပူးပေါင်း လုပ်ဆောင်လျက်ရှိသည်ဟု သိရ သည်။
မလေးရှားရဲများအနေဖြင့် ယင်းသို့လုပ်ဆောင်မှုတွင် အကန့် အသတ်များနှင့် ရင်ဆိုင်နေရသော် လည်း ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း ယမန်နေ့တွင် စုံစမ်းစစ်ဆေးရေးမှူး ဗိုလ်ချုပ်ကြီးအက်ဒူဟာမစ်ဘာဒေါ ကပြောကြားခဲ့သည်။ ၄င်းတို့ သည် မလေးရှားလူမျိုးများဖြစ် သောကြောင့် နိုင်ငံသို့ပြန်လည်ခေါ် ဆောင်ရမည်ဖြစ်ကြောင်း၊ ၄င်းတို့ ကိုပြန်ခေါ်နိုင်ရေးအတွက် နိုင်ငံ ခြားစုံစမ်းထောက်လှမ်းရေး အေ ဂျင်စီများနှင့်အတူ ပူးပေါင်းလုပ် ဆောင်လျက်ရှိကြောင်း၊ ၄င်းတို့ကို သေချာသည့် အဖွဲ့အစည်းများက ထိန်းသိမ်းထားသည်ဟု ယုံကြည် ပါကြောင်း ၄င်းက ပြောသည်။
၎င်းတို့ကို နိုင်ငံသို့ ပြန်လည် ခေါ်ဆောင်ရေးလုပ်ငန်းစဉ်ကို လုံခြုံ ရေးအရ ဂရုတစိုက်လုပ်ဆောင် နေရကြောင်း ပြည်ထဲရေးဝန်ကြီး မူရစ်ဒင်ရက်ဆင်က ပြောကြားခဲ့ သည်။ ဆီးရီးယားတွင် မလေးရှား လူမျိုး ၃၉ ဦး ထိန်းသိမ်းထား ကြောင်း မီဒီယာများထံမှ သိရ သည်။ Source: Bernama