images
UN
UN
ဖြိုးစေတနာနယ်လှည့်အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ ကျန်းမာရေးအခမဲ့စောင့်ရှောက်မှု သင်္ဃန်းကျွန်းတွင်လုပ်ဆောင်
စမ်းစမ်းကြည်(သင်္ဃန်းကျွန်း) Monday, 09 September 2019
ရန်ကုန် အရှေ့ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး၍ ရန်ကုန်အရှေ့ပိုင်းခရိုင် ဖြိုးစေတနာနယ်လှည့်အခမဲ့ကျန်း မာရေးစောင့်ရှောက်မှုဆေးကုသရေး အဖွဲ့သည် ယမန်နေ့ နံနက် ၉နာရီ မှ ညနေ ၄နာရီအထိ သင်္ဃန်းကျွန်း မြို့နယ် ကြီးပွားရေးရပ်ကွက် နှစ် ကျိပ်ရှစ်ဆူဓမ္မာရုံ၌ကလေး၊လူငယ်၊ လူရွယ်၊သက်ကြီး၊ မိဘဘိုးဘွား တစ်ရာကျော်တို့အား အခမဲ့ဆေး ကုသမှုကျန်းမာရေးစောင့်ရှောက်မှု များ ပြုလုပ်ပေးခဲ့ကြသည်။
အဆိုပါ ဖြိုးစေတနာနယ်လှည့် ဆေးကုသရေးအဖွဲ့တွင် အထွေ ထွေရောဂါနှင့်သွားနှင့်ခံတွင်းရောဂါ တို့ကို ကုသနိုင်ပြီး ကုသမှုတစ်နေ့ လျှင် အများဆုံးလူနာ ၂ဝဝ ဝန်း ကျင် ကုသမှုပေးရကြောင်း၊ ပြီးခဲ့ သည့် သြဂုတ်လက ဒဂုံမြို့သစ် (မြောက်ပိုင်း) (၅ဝ) ရပ်ကွက်တွင် လူနာရှင် ၁၅ဝ ကျော်ကို ကွင်း ဆင်းကုသပေးနိုင်ခဲ့ကြောင်း၊ ဆက် လက်ကုသနိုင်ရန် ပါတီဝင်ကြေးစု ဆောင်းပြီး ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုများကို လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်အရှေ့ပိုင်းခရိုင် ဖြိုး စေတနာနယ်လှည့်အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့တွင် ခရိုင်ပါတီ ကော်မတီဝင် ဒေါ်လဲ့လဲ့အေးနှင့် အထွေထွေရောဂါကုဆရာဝန်နှစ်ဦး၊ သွားနှင့်ခံတွင်းဆရာဝန်နှစ်ဦးအပါ အဝင်အဖွဲ့ဝင် ၁ဝဦးဖြင့် ကွင်းဆင်း ကုသပေးလျက်ရှိပြီး မြို့နယ် ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါ်မြင့်မြင့် မော်၊ အတွင်းရေးမှူး ဦးရွှေထွန်း ဝင်းနှင့် ပါတီကော်မတီဝင်များ၊ ပါတီဝင်များ ပါဝင်ကူညီဆောင် ရွက်ပေးကြကြောင်း သိရသည်။