images
UN
UN
ညီညာနှလုံး ယူ၍ကျုံးသို့ အရုံး မကွဲကြစေနှင့်
မောင်ခြိမ့် Monday, 09 September 2019
'ကျွန်တော်တို့သည် ကိုယ့်အမျိုး ကိုယ်ချစ်ဖို့မခက်ပါ။လူမျိုးတစ်ပါးကိုချစ် ဖို့'ကားခက်ပါသည်။ ကျွန်တော်တို့အဖို့၌ ကိုယ့်မိတ်ဆွေကိုချစ်ခင်ရန်မှာ ဓမ္မတာပင် ဖြစ်ပါသည်။ ကိုယ့်မိတ်ဆွေ၊ ကိုယ်အမျိုး ကိုထိပါးသူအပေါ်၌မုန်းစိတ်မထားရန်ကား မတတ်နိုင်ပါ။ အဘယ်နိုင်ငံရေးခေါင်း ဆောင်ကမှလည်း အမုန်းစိတ် အြ<ွကင်းမဲ့ မထားလေနှင့်ဟု မပညတ်ပါ။ ကျွန်တော် တို့ကို အမြဲတစေဟောပြောနေသည်မှာ အမျိုးသားချင်းသွေးစည်းရန်၊ လူမျိုး တစ်ပါးနှင့် အရေးကြုံရသည့်အခါ ကိုယ့် အမျိုးဘက်က နေရန်သာဖြစ်လေသည်'။
တိုက်စိုး(စာတိုနန့်နန့် ၁၉၇၅)
သည်ကနေ့ နိုင်ငံနှင့်အဝန်းဖြစ်ပေါ် နေသော လက်နက်ကိုင်အကြမ်းဖက်မှု များ၊ တိုက်ပွဲများ၊ လမ်းတံတားဖျက်ဆီး၊ ပြည်သူတိုင်းရင်းသားတွေကို အကြောင်း မဲ့သတ်ဖြတ်၊ ပစ္စည်းဥစ္စာလုယက်၊ မီးရှို့ စသည့်လုပ်ရပ်များကိုမြင်နေတွေ့နေကြား နေရသောအခါ ပြည်သူတစ်ဦးအနေဖြင့် စိတ်မကောင်းခြင်းကြီးစွာဖြစ်ရပါသည်။
ထိုကဲ့သို့ ပြုလုပ်သူများထဲတွင် မိမိ တို့တိုင်းရင်းသားလူမျိုးများပါဝင်နေသည် ကို တွေ့ရသိရသောအခါ ပို၍ ဝမ်းနည်း မိရပါသည်။ ထိုအခါ လွန်ခဲ့သောနှစ် ပေါင်းများစွာက ဖတ်ရှုခဲ့ရသော ဆရာ ကြီးတိုက်စိုး၏ အထက်ပါစာကို ပြန် သတိရမိခြင်း ဖြစ်သည်။ အဘယ်ကြောင့် များ ကိုယ့်အမျိုးကိုယ် ပြန်ချစ်ဖို့ခက်နေ ကြပါသနည်း။ ကိုယ့်အမျိုးကိုယ် ပြန် မချစ်သည့်အပြင် အဘယ်ကြောင့် ပြန်၍ နှစ်နေကြပါသနည်း။

မြန်မာ့သမိုင်းကို လေ့လာကြည့်လျှင် 'ပု၊ ပင်း၊ အင်း၊ တောင်၊ ညောင်၊ ကုန်း ဘောင်'ဟူ၍ ခေတ်အဆက်ဆက်ကို တွေ့ မြင်ကြရမည်ဖြစ်သည်။ ပထမဆုံး ပုဂံ ခေတ် မြန်မာနိုင်ငံတော်ကြီးကို ဝိုင်းဝန်း တည်ထောင်ခဲ့ကြသူများသည် မြန်မာ့ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ပင် ဖြစ် ကြသည်ဟု သမိုင်းသုတေသီတို့က ဆို ကြသည်။
ပုဂံခေတ်ကျောက်စာများကို စူးစမ်း လေ့လာကြည့်လျှင် မွန်၊ ပလောင်၊ ဝ စသည့် မွန်ခမာအနွယ်ဝင် ဘာသာ စကားပြောသူများ၊ ကရင်၊ တောင်သူ စသည့် ကရင်အစုဝင် ဘာသာစကား ပြောသူများ၊ သက်၊ ကဒူး၊ သောကဒူး စသည့် သက်အစုဝင် ဘာသာစကား ပြောသူများ၊ ချင်းများ၊ ယော၊ ရခိုင်၊ မြန်မာ စသည့် မြန်မာအစုဝင် ဘာသာ စကားပြောသူများ၊ ရှမ်း၊ ခန္တီ စသည့် ထိုင်းရှမ်းအနွယ်ခွဲဝင် ဘာသာစကား ပြောသူများသည် ပုဂံဧကရာဇ် နိုင်ငံတော် ကြီး၏ ဗိသုကာများပင်ဖြစ်ကြောင်း ထင် ရှားသည်။
ထိုကဲ့သို့ တိုင်းရင်းသားများ တစ်ဦး ကိုတစ်ဦးချစ်ကြည်မှု၊ ယုံကြည်အားကိုး မှု၊ ခင်မင်ရင်းနှီးမှု၊ တစ်ဦးကိုထိလျှင် တစ်ဦးက မချိအောင်နာမှု၊ အရေးကြုံ လျှင်သွေးဆုံပြီး အရေးကြီးလျှင် သွေး စည်းခဲ့ကြသဖြင့် ပုဂံ နိုင်ငံတော်ကြီး နှစ်ပေါင်း ၃ဝဝကျော် တည်တံ့ခိုင်မြဲခဲ့ ပါသည်။ ¤င်းနောက် ပင်းယ၊ အင်းဝ၊ ဟံသာဝတီ၊ ဓညဝတီ၊ တောင်ငူ၊ ညောင် ရမ်း၊ ကုန်းဘောင် စသဖြင့် ခေတ်အမျိုး မျိုးကို ကျော်ဖြတ်ခဲ့ကြပြီး ယနေ့မြန်မာ နိုင်ငံတော်ကြီး တည်ရှိလာခဲ့ခြင်းဖြစ်သည် ကို အငြင်းပွားစရာ မရှိအောင် သမိုင်းက ပြဆိုခဲ့ပြီးလည်း ဖြစ်ပါသည်။ သို့ဖြစ် ပေရာ တိုင်းရင်းသားပေါင်းစုံတို့ သွေး ချွေးဖြင့် နှစ်ပေါင်းထောင်ချီ တည်တံ့ အောင် ထူထောင်လာခဲ့ကြသော မြန်မာ နိုင်ငံတော်ကြီး၏ အချုပ်အခြာအာဏာ၊ နယ်မြေပိုင်နက်ကို တစ်လက်မမှ တိုင်း တစ်ပါးလက်သို့ ပဲ့မပါသွားစေရန် အား လုံးတွင် တာဝန်ရှိကြောင်း သိထားကြစေ လိုပါသည်။
ပင်ကိုအားဖြင့် မြန်မာတိုင်းရင်း သားတို့သည် ရိုးသားကြသည်။ စည်းလုံး ညီညွတ်မှု ရှိကြသည်။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို ထိပါးလာလျှင် လက်မခံ ကြဘဲ စုပေါင်းညီညာစွာ တိုက်ခိုက်ခဲ့ကြ သည်ကို လွတ်လပ်ရေးသမိုင်းကို ပြန် ကြည့်လျှင် တွေ့နိုင်ပါသည်။
ကချင်(ဂျိန်းဖော)တို့သည် ''ညီအစ် ကိုများကို စွန့်ပစ်ရန်ချောက်ကမ်းပါးမရှိ၊ ဖက်နွမ်းချောက်များကို စွန့်ပစ်ရန်သာ ချောက်ကမ်းပါးရှိသည်''ဟု ဆိုခဲ့ကြ သည်။ ''စုပေါင်းလုပ်လျှင် အမြန်ပြီးစီး နိုင်သည်''၊ ''ဧည့်သည်က အိမ်ရှင်ကို
နိုင်တတ်သည်''ဟူ၍လည်း တိုင်းရင်း သားချင်းစည်းလုံးကြရန်၊ ပြည်ပရန်ကို သတိပြုကြရန် အသိပေးခဲ့ကြသည်။
ထို့အတူပင် ကရင်အမျိုးသားများက လည်း ''တောင်းစုတ် ပလုံးစုတ်ပစ်ထား နိုင်၊ ညီအစ်ကိုများ ပစ်မထားနိုင်''ဟူ၍ လည်းကောင်း၊ ''တစ်ဖက်က သန်နေ လျှင် တစ်ဖက်က လျှော့ပေး၊ နှစ်ဖက် လုံး သန်နေလျှင်ကား ထမင်းအိုး ကွဲလိမ့် မည်''ဟူ၍ ညီနောင်သားချင်းများကို ချစ်ခင်ကြဖို့၊ စာနာနားလည်နိုင်ကြဖို့ ဆို စကားထားခဲ့ကြသည်။ ''မီးထွန်းလျှင် မီးတောက်သည်၊ တိုင်းပြည်ကို ပြုစုလျှင် ဖွံ့ဖြိုးသည်''ဟုလည်း ဆိုခဲ့သည် ''လျှော် များလျှင် ကျစ်လျစ်သည်၊ နှီးများလျှင် ခိုင်ခံ့သည်''ဟုလည်း တိုင်းရင်းသားများ စည်းလုံးညီညွတ်မှ ခွန်အားရှိနိုင်မည့် အကြောင်း အသိပေးထားခဲ့တာ တွေ့ရ သည်။ အထူးသဖြင့်မူ ''ဤတိုင်းပြည် မှာနေလျှင် ဤတိုင်းပြည်ကို ပြုစုပါ။ ဤကျောက်ဆောင်မှ ဖားကိုစားလျှင် ဤကျောက်ဆောင်ကိုပြုစုပါ။ ဤရေအိုင် ထဲကငါးကို စားလျှင် ဤရေအိုင်ကို ပြုစု ပါ''ဟူသော စကားသည် တိုင်းပြည် အတွက်၊ တိုင်းရင်းသားအားလုံးအတွက် အတုယူစရာ ကောင်းပါ၏။
ချင်းတိုင်းရင်းသားတို့၏ ''ကြက် များအမျိုးပျောက်ခါနီးလျှင် တစ်ကောင် နှင့်တစ်ကောင် ဆိတ်ကြသည်''ဆိုသည့် ဆိုစကားသည် လက်တွေ့ရင်ဆိုင်နေရ သည့် လူမျိုးတစ်မျိုးနှင့်တစ်မျိုး သွေးကွဲ စစ်ခင်းနေကြသည်ကို တိုက်ရိုက်ဆိုနေ သကဲ့သို့ပင် ဖြစ်နေလေသည်။
ဓနုတောင်ရိုး တိုင်းရင်းသားတို့က လည်း ''ယာနားနီးချင်းဆွေမျိုးရင်း''ဟု တစ်ဦးနှင့်တစ်ဦး ချစ်ချစ်ခင်ခင်နေကြရန် တိုက်တွန်းခဲ့သည်။
ပလောင်တိုင်းရင်းသားတို့က ''ကျီး ကန်းလို ဝိုင်းကူညီပြီး ကြက်သွန်ဖြူလို စုစည်းပါ''ဟုလည်းကောင်း ''စု၍စား လျှင် ပျော်သည်။ စု၍လုပ်လျှင်ပြီးသည်။ စု၍လှူလျှင် အကျိုးများသည်''ဟူ၍ မှတ်သားထိုက်သည့် စည်းလုံးညီညွတ် ရေးစကားကို ဆိုထားခဲ့ကြသည်ကို လေ့ လာတွေ့ရှိရပါသည်။
ထိုနည်းတူစွာပင် ရခိုင်တိုင်းရင်းသား တို့ကလည်း ''ဖိတ်ချင်းဖိတ်၊ ကိုယ့်အိတ် မှာဖိတ်ကြဖို့''မှာကြားသည်။ ယင်းအပြင် ''မျက်ဖြူဆိုက်လီ၊ ဆရာကြိုက်လီ''ဟူ ၍လည်းကောင်း၊ ''ဝါးကွဲကေ၊ ရီဝင် ရေ''ဟူ၍လည်းကောင်း၊ ညီနောင်တိုင်း ရင်းသားချင်း ချစ်ကြည်စည်းလုံးစွာ နေ ကြရန်၊ စိတ်ဝမ်းမကွဲကြရန် မှာကြားခဲ့ကြ သည်။
ဆိုရလျှင် ယနေ့လက်ရှိ တည်တံ့ လျက်ရှိသော ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ကြီးသည် နှစ်ပေါင်းထောင်ချီ ကတည်းက တည်ရှိခဲ့သော နိုင်ငံကြီး ဖြစ်ပြီး သေချာတိကျခိုင်မာသော တရား ဝင်ပိုင်နက် နယ်နိမိတ်ရှိသည်။ တိုင်းသူ ပြည်သားများ ရှိသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရှိသည်။ အချုပ်အခြာ အာဏာပိုင်သည့် အစိုးရ ရှိသည်။ မည်သူ့ ကိုမှ အောက်ကျစရာ မလိုပါ။
သမိုင်းကို ပြန်ကြည့်လျှင်လည်း ကိုယ်ပိုင် ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဘာသာ၊ စာပေ၊ ရိုးရာဓလေ့ထုံးစံများ ရှိသည်။ ခေတ်အဆက်ဆက် ဧကရာဇ်မင်းအဆက် ဆက် ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်း နှင့် ဝံ့ဝံြ့<ွကာြး<ွကား နေထိုင်ခဲ့ကြသည်။ တိုင်းရင်းသားညီအစ်ကို သွေးချင်းများ သွေးမကွဲဘဲ စုစည်းညီညာ ခိုင်မာကြပြီး စည်းလုံးသော တပ်မတော်ကြီးလည်း ရှိသည်။
တိုင်းတစ်ပါးရန်များ ပေါ်ပေါက်လာ တိုင်း တိုင်းရင်းသားပေါင်းစုံ လက်တွဲ၍ တွန်းလှန်ကာကွယ်ခဲ့ကြသည်။
၅ ယောက်လျှင် တစ်အိုးစား
၂ အိုးစားလျှင် အကြပ် ၁
၅ ကြပ်လျှင် သွေးသောက် ၁
၂ သွေးသောက်လျှင် တပ်မှူး ၁
၅ တပ်မှူးလျှင် ၁ ဗိုလ်
စသဖြင့် ခိုင်မာသော တပ်မတော် ဖွဲ့စည်းပုံ ရှိခဲ့သည်။
ဗိုလ်မှူးအာဏာ၊ စစ်ကဲမှာလျှင်
တည်ရာကြွင်းမဲ့၊ ကြောက်တုံလဲလော့
စစ်ကဲအာဏာ၊ တပ်မှူးမှာလျှင်
သေချာစေ့ငု၊ စွဲမှတ်စုလော့
တပ်မှူးအာဏာ၊ အကြပ်မှာလျှင်
ညီညာနှလုံး၊ ယူ၍ကျုံးသို့
အရုံးမကွဲကြစေနှင့်...
ဟူ၍ နန္ဒိသေနပျို့တွင် ဆိုထားခဲ့ သည်ကိုကြည့်လျှင် မြန်မာ့တပ်မတော် ကြီးသည် ရှေးယခင်ကပင် စည်းကမ်းရှိ သော၊ စိတ်ဓာတ်ကောင်းသော၊ စွမ်းရည် ရှိသော တပ်မတော်ကြီးဖြစ်ကြောင်း ထင် ရှားပါသည်။ ထိုတပ်မတော်ကြီးတွင် ပါဝင်ထမ်းရွက်ကြသော စစ်သည်များမှာ လည်း မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်း သားပေါင်းစုံတို့ပင်ဖြစ်သည်ကို သမိုင်းက အထင်အရှား ပြဆိုခဲ့ပါသည်။
သို့ဖြစ်ပေရာ မိမိတို့ တိုင်းရင်းသား အချင်းချင်းစိတ်ဝမ်းမကွဲသင့်ကြဘဲ စည်း လုံးညီညွတ်စွာဖြင့် မြန်မာနိုင်ငံတော်ကြီး ကို ပို၍ခိုင်မာအောင်၊ ပို၍တိုးတက် အောင်ဆောင်ရွက်ကြပါရန် တိုက်တွန်း ရေးသားလိုက်ပါသည်။