images
UN
UN
သရုပ်ဆောင် နေတိုး နှင့် We Love Group တို့က မွေးနေ့အလှူအဖြစ် ရုပ်ရှင်လူကြမ်းအဖွဲ့အား လှူဒါန်းမှုများပြုလုပ်
သွန်းလေး Monday, 09 September 2019
သရုပ်ဆောင်နေတိုးနှင့် We Love Group တို့က နေတိုး ၏ မွေးနေ့အလှူအဖြစ် ရုပ်ရှင်သရုပ်ဆောင်လူကြမ်းအဖွဲ့ အား လှူဒါန်းမှုများကို စက်တင်ဘာ ၉ရက်က ရန်ကုန်မြို့ ဝင်္ကဘာလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတွင် ပြုလုပ် ခဲ့သည်။
အကယ်ဒမီသရုပ်ဆောင်နေတိုးရဲ့(၃၈နှစ်) ပြည့်မွေး နေ့အလှူအဖြစ် အနုပညာလောကသားများကို ထောက်ပံ့ လှူဒါန်းခဲ့ခြင်းဖြစ်ပြီး မွေးနေ့အလှူအဖြစ် လူကြမ်းအဖွဲ့ အား ဆန်၊ဆီနှင့်ငွေကျပ်သိန်းနှစ်ဆယ်ကို ပေးအပ်လှူဒါန်း ခဲ့သည်။ စက်တင်ဘာလ ၉ ရက်နေ့ကတော့ မင်းသားချော နေတိုးရဲ့အသက်(၃၈နှစ်) ပြည့်မွေးနေ့ဖြစ်ပြီး ၁၉၈၁ စက်တင်ဘာလ ၉ ရက်တွင် ရခိုင်ပြည်နယ်၊ မာန်အောင် မြို့မှာ မွေးဖွားခဲ့ကြောင်း သိရသည်။