images
UN
UN
အလုပ်ထုတ်ခံရသော အလုပ်သမားခြောက်ဦးအား မူလဌာနတွင်အလုပ်ပြန်လည်ခန့်ထားရေးဆန္ဒဖော်ထုတ်
Monday, 09 September 2019
ရန်ကုန်တိုင်းဒေသကြီးကြည့်မြင်တိုင်မြို့ နယ်ဗဟိုစံပြငါးဈေးအတွင်း ကုန်တင်ကုန်ချ လုပ်ကိုင်နေသည့်အလုပ်သမားများမှ အလုပ် သမားခြောက်ဦးအား အလုပ်ပြန်လည်ခန့် ထားရေး အပါအဝင် အချက်သုံးချက်အား ကုန်တင်ကုန်ချအလုပ်သမားများက ယမန်နေ့ ညနေပိုင်းက ဆူးလေမြို့တော်ခန်းမရှေ့တွင် ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ကြသည်။
ဆန္ဒဖော်ထုတ်ခြင်းနှင့်ပတ်သက်၍ကုန် တင်ကုန်ချကော်မတီရုံး ငါးတောင်းဌာနခွဲမှ ဦးကျော်သန်းက ''ကျွန်တော်တို့ဆီမှာ ကုန် တင်ကုန်ချတရားဝင်ဝန်ထမ်းနဲ့ လက်ရှိလုပ် ငန်းခွင်မှာ လုံလောက်မှုရှိပါတယ်။ ဒါကို လုပ်သားသစ်တွေထပ်သွင်းမယ်ဆိုပြီးလုပ် ကြတယ်။ ဒီအတွက် ကျွန်တော်တို့က ဝန်ကြီးနဲ့တကွ ဌာနဆိုင်ရာအဆင့်ဆင့်ကို တိုင်ကြားတဲ့အခါမှာ ပြီးခဲ့တဲ့မတ် ၆ရက်က အလုပ်သမားသစ်တွေ သွင်းဖို့ဆိုင်းငံ့ထားခဲ့ ပါ တယ်။ ဒါပေမဲ့အောက်ခြေက မြို့နယ် တာဝန်ရှိသူကနေဝန်ကြီးရဲ့ ညွှန်ကြားချက် ကိုကျော်ပြီးအလုပ်သမားအသစ်တွေ သွင်း ခဲ့တယ်။ ဒါကိုဖြေရှင်းပေးဖို့တိုင်ကြားတဲ့ အခါမှာ ဘယ်သူကမှ ဖြေရှင်းပေးခြင်းမရှိ တဲ့အတွက် မတ်လ ၂ဝရက်မှာ သတင်းစာ ရှင်းလင်းပွဲလုပ်တယ်။ အဲဒီ နောက်တစ်နေ့ မှာပဲမြို့နယ်ဦးစီးကနေ ဆန္ဒပြရင်အလုပ် ဖြုတ်မယ်လို့ပြောတယ်။ တကယ့်ကိုပဲ ၄ လပိုင်း ၁ရက်နေ့ဆန္ဒပြပွဲအပြီး ဧပြီ ၄ရက် မှာအလုပ်ဖြုတ်ခံခဲ့ရပါတယ်။ ကျွန်တော် တို့အနေနဲ့ အလုပ်ဖြုတ်ခံရတဲ့သူတွေကို မူလ ဌာနမှာ မူလရာထူးအတိုင်းအမြန်ဆုံး ပြန် လည်ခန့်ထားပေးဖို့တောင်းဆိုပါတယ်'' ဟု ၄င်းကပြောသည်။
အဆိုပါဆန္ဒဖော်ထုတ်ပွဲကို ကုန်တင် ကုန်ချအလုပ်သမား ၅ဝကျော်ခန့်ပါဝင်ပြီး ဗီနိုင်းပါစာသားများဖြစ်သည့်အလုပ်သမား ခြောက်ဦးအားမူလဌာနတွင် အလုပ်ပြန် လည်ခန့်ထားရေး၊အလုပ်မဆင်းရသည့်ရက် များအတွက် ကြားကာလနစ်နာကြေးပေး ရေးနှင့်အဂတိလိုက်စားသည့်ဝန်ထမ်းများ အား ဖော်ထုတ်အရေးယူပေးရေး စသည့် အချက်များကိုဟစ်ြေ<ွကးကာ ဆန္ဒဖော် ထုတ်တောင်းဆိုခဲ့ကြသည်။ မေနဒီမြနွယ်