images
UN
UN
စက်တင်ဘာလနှောင်းပိုင်းတွင် ကန်နှင့်ဆွေးနွေးမှုများပြန်လည်ပြုလုပ်ရန် မြောက်ကိုရီးယားဆန္ဒရှိနေ
KK(IR) Tuesday, 10 September 2019
နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ အမေရိကန်နှင့် ဆွေး နွေးမှုများကို ယခုလနှောင်းပိုင်းတွင် ပြန်လည်စတင်ရန် မြောက်ကိုရီး ယားအနေဖြင့် ဆန္ဒရှိနေသည်ဟု မြောက်ကိုရီးယား ထိပ်တန်း သံတမန်တစ်ဦးက ယမန်နေ့တွင် ပြောကြားလိုက်သည်ဟုသိရသည်။
အဆိုပါနောက်ဆုံးအဆိုပြုချက် သည် မြောက်ကိုရီးယားဒုတိယ နိုင်ငံခြားရေးဝန်ကြီး Choe Son Hui က မြောက်ကိုရီးယား အစိုးရ အနေဖြင့် အချိန်နှင့်နေရာကို နှစ် နိုင်ငံစလုံးဘက်မှ သဘောတူညီမှု ရရှိပြီးပါက ယခုလနှောင်းပိုင်းတွင် အမေရိကန်နှင့် ပြီးပြည့်စုံသည့် ဆွေးနွေးမှုများပြုလုပ်ရန် ဆန္ဒရှိနေ သည်ဟုပြောကြားခဲ့ခြင်းဖြစ်သည်။ ယခုလ ၈ ရက်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးမိုက်ခ်ပွန်ပီအို က လာမည့်ရက်များ သို့မဟုတ် သီတင်းပတ်များအတွင်းတွင် မြောက် ကိုရီးယားနှင့် နျူကလီးယားလက် နက် ဖျက်သိမ်းရေးဆွေးနွေးမှု များကို ပြန်လည်စတင်ပြုလုပ်ရန် ၄င်းအနေဖြင့် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
သို့သော်လည်း Choe က အမေရိကန်အစိုးရအနေဖြင့် ကိုင် တွယ်ဖြေရှင်းနည်းအသစ်တစ်ခုကို ချပြသင့်ကြောင်း ယင်းသို့မဟုတ် ပါက ဆွေးနွေးမှုများသည် ထပ်မံ၍ ဆုံးရှုံးမှုဖြစ်ပေါ်နိုင်ဖွယ်ရှိသည်ဟု ပြောကြားခဲ့သည်။
Ref: Reuters