images
UN
UN
ဆူဒန်အား အမေရိကန်၏အကြမ်းဖက်သမားစာရင်းမှ ပယ်ဖျက်ပေးရန် အီဂျစ်လိုလား
KK(IR) Tuesday, 10 September 2019
အမေရိကန်၏ အကြမ်းဖက် သမားများအား ကူညီထောက်ပံ့မှု များပြုလုပ်ပေးနေသည့်နိုင်ငံများ စာရင်းမှ ဆူဒန်အား ပယ်ဖျက်ပေး စေလိုမှုအပါအဝင် အိမ်နီးချင်း ဆူဒန်နိုင်ငံ၏အရပ်သားအစိုးရသစ် ကို အီဂျစ်နိုင်ငံခြားရေးဝန်ကြီးSameh Shoukry က အားပေး ထောက်ခံမှုများ ပိုမိုဆောင်ရွက်ပေး လိုသည်ဟု သိရသည်။ အီဂျစ် အစိုးရအနေဖြင့် အဆိုပါစာရင်းမှ ဆူဒန်အား ပယ်ဖျက်ပေးရေးကို အမေရိကန်အစိုးရနှင့် အခြားသော နိုင်ငံများနှင့် အတူတကွ လက်တွဲ ကာ ဆောင်ရွက်နေလျက်ရှိသည်ဟု Shoukry က ပြောကြားခဲ့သည်ဟု AP သတင်းဌာနကဖော်ပြခဲ့သည်။
ဆူဒန်နိုင်ငံ၏မြို့တော် ကတ် တိုအမ်တွင် Shoukry က ဆူဒန် နိုင်ငံ၏ပထမဦးဆုံး အမျိုးသမီး နိုင်ငံခြားရေးဝန်ကြီး Asmaa Abdalla နှင့် ဘေးချင်းယှဉ်ထိုင် ကာ ယမန်နေ့၌ မိန့်ခွန်းပြောကြားခဲ့ သည်။
Asmaa Abdalla သည် ယခု လ ၈ ရက်တွင် ပထမဦးဆုံးအစိုးရ အဖွဲ့၏အဖွဲ့ဝင်နိုင်ငံခြားရေးဝန်ကြီး အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ခြင်း ဖြစ်သည်။ ၄င်းအစိုးရအဖွဲ့သည် ဒီမိုကရေစီထောက်ခံသည့် လူထု အမြောက်အမြား၏ ဆန္ဒပြကန့် ကွက်မှုများဖြစ်ပေါ်ခဲ့ပြီး ပြီးခဲ့သည့် ဧပြီလတွင် အာဏာရှင်ဆူဒန် သမ္မတ အိုအာအယ်လ်ဘာရှားကို စစ်တပ်က ရာထူးမှဖြုတ်ချခဲ့ပြီး နောက် ပထမဦးဆုံးဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ အမေရိကန်က ဆူဒန် အား အကြမ်းဖက်သမားများအား ကူညီထောက်ပံ့ပေးနေသည့်နိုင်ငံ အဖြစ် ၁၉၉၃ ခုနှစ်တွင်သတ်မှတ် ခဲ့ခြင်းဖြစ်သည်။Ref: RT News