images
UN
UN
အမေရိကန်က အရေးယူဒဏ်ခတ်မှုများ ပိုမိုပြုလုပ်နေရာ ကျူးဘားအတွက်ကူညီထောက်ပံ့ပေးကြရန် EU အလေးအနက်ပြောကြား
KK(IR) Tuesday, 10 September 2019
ကျူးဘားနိုင်ငံ၏ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုကို ကူညီထောက်ပံ့ ပေးရန် ဥရောပသမဂ္ဂ(EU)အနေ ဖြင့် ကတိကဝတ်ပြုကြောင်း EU နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီး အကဲFederica Mogherini က ယမန်နေ့တွင် ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံက ကွန်မြူနစ်စနစ် ဖြင့် အုပ်ချုပ်နေသည့် ကျူးဘား နိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှု များကိုပိုမိုချမှတ်နေသည့် တိုင်မြို့ တော် ဟာဗားနားသို့ သုံးရက်တာ ခရီးစဉ်အတွင်းFederica Mog-herini က ယခုကဲ့သို့ပြောကြားခဲ့ ခြင်းဖြစ်သည်။
အမေရိကန်ကဲ့သို့ပင် EU သည် တစ်ပါတီစနစ်ကျင့်သုံးသည့် ကျူး ဘားနိုင်ငံနှင့် သာမန်ဆက်ဆံရေး ကို လွန်ခဲ့သည့်ငါးနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပြီး ဆယ်စုနှစ် များစွာကြာမြင့်ခဲ့သည့် စစ်အေး ခေတ်ရန်လိုမှုကို အဆုံးသတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အမေရိ ကန်သမ္မတ ဒေါ်နယ်ထရန့်က သမ္မတအိုဘားမားလက်ထက်တွင် ရယူခဲ့သည့် နိုင်ငံများအချင်းချင်း တင်းမာမှုလျော့ကျခြင်းကို ပျက် ပြားအောင်ဆောင်ရွက်ခဲ့သည်ဖြစ် ရာ EU နှင့်အမေရိကန်တို့၏ မူဝါဒ များသည် ကွဲလွဲသွေဖည်လာကြ ခြင်းဖြစ်သည်။
EU သည်ကျူးဘား၏ ထိပ် တန်းစီးပွားရေးမိတ်ဖက်နှင့်ရင်းနှီး မြှုပ်နှံသူဖြစ်ကြောင်းနှင့် EU အနေ ဖြင့် ကျူးဘား၏စီးပွားရေးအား ဖွံ့ဖြိုးတိုးတက်စေရန် ခေတ်နှင့်အညီ မွမ်းမံဆောင်ရွက်ရေးများပြုလုပ် ရာတွင် ကူညီထောက်ပံ့သွားဖွယ်ရှိ သည်ဟုMogherini ကပြောကြား ခဲ့သည်။ Ref: Euro News