images
UN
UN
(၉)ကြိမ်မြောက် သက်ကြီး လူရွှင်တော်ကြီးများ ပူဇော်ကန်တော့ပွဲကျင်းပ
သွန်းလေး Tuesday, 10 September 2019
(၉)ကြိမ်မြောက် သက်ကြီးလူ ရွှင်တော်ကြီးများပူဇော်ကန်တော့ပွဲ ကို စက်တင်ဘာ ၉ရက်က ရန်ကုန် မြို့ ကျိုက္ကစံဘုရားဝင်းအနောက် ဘက်မုခ်ဓမ္မာရုံတွင်ကျင်းပခဲ့သည်။
သက်ကြီးလူရွှင်တော်ကြီးများ အားပူဇော်ကန်တော့ပွဲကိုမြန်မာနိုင်ငံ လူရွှင်တော်အသင်း(ရန်ကုန်)မှဦး စီးကျင်းပခြင်းဖြစ်ပြီး ပူဇော်ကန် တော့ပွဲတွင်အသက်အရွယ်ကြီးမြင့် သည့်လူရွှင်တော်ကြီး၅၂ဦးအားတစ် ဦးလျှင်ငွေကျပ်သုံးသိန်း၊ပုဆိုးနှင့် ဆေးဝါးများဖြင့် ပူဇော်ကန်တော့ ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံလူရွှင်တော်အသင်း (ရန်ကုန်)မှအသင်းသားများက နွေ ရာသီပွဲကချိန်များတွင် သက်ကြီး လူရွှင်တော်များအား ကန်တော့ရန် အလှူငွေများ ကောက်ခံခဲ့ကြပြီး ရန်ပုံငွေဘောလုံးပွဲများနှင့် လှုရွှင် တော်များ၏လှူဒါန်းမှုများအပြင် စေတနာထက်သန်သည့် အလှူရှင် များ၏လှူဒါန်းမှုများကို စုပေါင်း၍ လိုအပ်သည်များကိုအသင်းမှထပ်မံ ဖြည့်စွက်၍ကန်တော့ခဲ့ကြခြင်းဖြစ် ကြောင်း မြန်မာနိုင်ငံလူရွှင်တော် အသင်း(ရန်ကုန်)ဥက္ကဋ္ဌဦးဒိန်းဒေါင် က ပြောခဲ့သည်။
ယခင်ကသက်ကြီးလူရွှင်တော် ကြီးများအား တစ်ဦးလျှင် ငွေကျပ် ငါးသိန်းနှုန်းဖြင့် ပေးအပ်ခဲ့သော် လည်းယခုအချိန်တွင် အလှူငွေရ ရှိမှုနည်းပါးလာသည့် အခြေအနေ များကြောင့် ယခုနှစ်တွင်သက်ကြီး လူရွှင်တော်တစ်ဦးလျှင် ငွေကျပ် သုံးသိန်းနှုန်းဖြင့်သာ ပူဇော်ကန် တော့နိုင်ကြောင်း ပြောခဲ့သည်။