images
UN
UN
ထက်မြက်လှပမာနကြီးပြီး အနိုင်ယူလိုစိတ်ရှိတဲ့ မေထက်ချိုအဖြစ် တွေ့မြင်ရမယ့် မေမြင့်မိုရ်
ဖြူသင်းခိုင် Tuesday, 10 September 2019
သရုပ်ဆောင်မေမြင့်မိုရ်ကိုတော့ ပျောက်ဆုံးနေသောအမှန်တရား ဇာတ်လမ်းတွဲ၌ မေထက်ချိုအဖြစ် ပရိသတ်များတွေ့မြင်ကြရမည်ဖြစ် သည်။
MRTV-4 ရုပ်သံလိုင်းမှမကြာ ခင် ပြသတော့မည်ဖြစ်ပြီး ဇာတ် လမ်းသည်ခေတ်နေ၊သူဝေး၊Tau-rus:V ၊ ဇာတ်ညွှန်းမယ်ခိုင်၊ ချမ်း ထက်ဟန်၊ဒီဒီထက်အောင်တို့က ပြန်လည်ရေးသားပေးထားပြီးဒါရိုက် တာကောင်းဇံရိုက်ကူးပုံဖော်ထား ကြောင်း သိရသည်။
တက်သစ်စသရုပ်ဆောင်များ ထဲမှ ထူးထူးခြားခြားတိုးတက် မှုမြန်တဲ့ သရုပ်ဆောင်မေမြင့်မိုရ်က ပရိသတ်တွေရဲ့အားပေးမှုကိုလည်း အများကြီးရရှိနေပြီ ဖြစ်သည်။
အနုပညာအရည်အချင်းပြည့်ဝ ပြီး မျိုးဆက်သစ်အနုပညာရှင်တစ် ဦးလည်းဖြစ်သလို ဇာတ်လမ်းတွဲ တွေနဲ့ လူသိများလာသူတစ်ဦး လည်းဖြစ်သည်။
ယင်းရုပ်သံဇာတ်လမ်းတွဲ၌ ''ချမ်းသာတဲ့မိသားစု၌ အငယ် ဆုံးသမီး၊ထက်မြက်လှပမာနကြီး ပြီး အနိုင်ယူယှဉ်ပြိုင်လိုစိတ်ရှိတဲ့ သူဌေးသမီးလေးတစ်ယောက်အနေ နဲ့လည်းကောင်း၊နိုင်ငံခြားကပြန်လာ ပြီး အချိန်တိုတိုအတွင်းစီးပွားရေး နယ်ပယ်မှာအောင်မြင်လာပြီး Soci-alMediaမှာ ဝန်းရံခြင်းခံလာရသူ မေထက်ချိုလိုပြည့်စုံပြီးသားသူဌေး သမီးလေးတစ်ယောက်အတွက် မပြည့်စုံမှုက ဘာတွေဖြစ်လာမ လဲ''ဆိုတဲ့ ဇာတ်ကောင်ကို ဘယ် လိုပီပြင်အောင်သရုပ်ဆောင်နိုင်မ လဲစောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ယင်းရုပ်သံဇာတ်လမ်းတွဲ၌ အကယ်ဒမီလူမင်း၊ကောင်းမြတ်စံ၊ ထူးအောင်၊ ဘုန်းဆက်သွင်၊ အောင် ရဲထိုက်၊ လပြည့်၊ စိုပြေမြင့်၊ အောင် ခန့်မှူး၊မင်းသူ၊ညီနန္ဒ၊သက်ဦးကို၊MikisWeben ၊မေမြင့်မိုရ်၊ သွန်း သစ္စာဇော်၊ နော်ဖောအယ်ထားနှင့် အနုပညာရှင်များစွာပါဝင်သရုပ် ဆောင်ထားကြောင်း သိရသည်။