images
UN
UN
ရူးအောင်ချစ်မယ့်လူ ရုပ်ရှင်ဇာတ်ကားကြီး စက်တင်ဘာ ၁၂ ရက်တွင် ရုံတင်ပြသမည်
ဒ၈ုံဝေလင်း Tuesday, 10 September 2019
ရွှေစင်ဦး ရုပ်ရှင်ထုတ်လုပ်ရေးမှတင်ဆက်သည့် ''ရူးအောင်ချစ် မယ့်လူ''ရုပ်ရှင်ဇာတ်ကားအထူးပွဲပြသမှုကို စက်တင်ဘာ ၉ရက် ည ၇ နာရီက ရန်ကုန်မြို့ သမ္မတရုပ်ရှင်ရုံတွင် ကျင်းပခဲ့သည်။
ဝတ္ထုလွန်းထားထား၊ ဇာတ်ညွှန်း မယ်ခိုင်၊ အင်ကြင်းဟန်၊ ဒါရိုက်တာ အောင်ဇော်လင်း ရိုက်ကူးပုံဖော်ထားသည့် ''ရူးအောင်ချစ်မယ့်လူ'' ရုပ်ရှင်ဇာတ်ကားကြီးတွင် နေတိုး၊ အိန္ဒြာကျော်ဇင်၊ မေတိုးခိုင်၊ မင်းသာကီ တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြသည်။
ချစ်ခြင်းမေတ္တာရဲ့ပျော်ရွှင်မှု၊ဝမ်းနည်းမှု၊ ရူးသွပ်မှုတွေကိုခံစားကြည့်ရှု ရမည့် ''ရူးအောင်ချစ်မယ့်လူ''ဇာတ်ကားကြီးကို လာမည့်စက်တင်ဘာ ၁၂ ရက်၌ မြန်မာတစ်ပြည်လုံးရှိ ရုပ်ရှင်ရုံများ၌ ပြသမည်ဖြစ်သည်။