images
UN
UN
ငြိမ်းချမ်းရေး ရွေးကောက်ခံဒီမိုကရေစီစနစ်နှင့် မြန်မာနိုင်ငံ
ပြည့်ဖြိုးနိုင် Tuesday, 10 September 2019
(ယမန်နေ့မှအဆက်)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် စိုးရိမ်ဖွယ်ဖြစ်ခဲ့သော ရလဒ်မှာမြစ်ကြီးနား မြို့တွင်ကျင်းပခဲ့သော အမျိုးသားလွှတ် တော်ကိုယ်စားလှယ်ရွေးချယ်ရန်အတွက် မဲပေးခဲ့သည့်မဲဆန္ဒနယ်တွင် ဆန္ဒမဲရရှိမှု စာရင်း၌ တတိယနေရာတွင်ရှိခဲ့ခြင်းဖြစ် သည်။ အဆိုပါမဲဆန္ဒနယ်သည် ၂ဝ၁၅ ခုနှစ်က ကျင်းပခဲ့သောရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကအနိုင်ရရှိ ခဲ့သော မဲဆန္ဒနယ်ဖြစ်သည်။ ၂ဝ၁၈ ခုနှစ် က ကျင်းပခဲ့သောကြားဖြတ်ရွေးကောက် ပွဲတွင် အဆိုပါမဲဆန္ဒနယ်၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို ကိုယ်စား ပြုသည့်ကိုယ်စားလှယ်လောင်းကမဲအများ ဆုံးရရှိကာ အနိုင်ရခဲ့ပြီး ကချင်ဒီမိုကရက် တစ်ပါတီကို ကိုယ်စားပြုသည့်ကိုယ်စား လှယ်လောင်းက ဆန္ဒမဲဒုတိယအများဆုံး ရရှိခဲ့သည်။
၂ဝ၁၅ ခုနှစ်က ကျင်းပခဲ့သော ရွေး ကောက်ပွဲတွင် ကချင်လွတ်လပ်ရေးအဖွဲ့ ချုပ်နှင့် လက်နက်ကိုင်အဖွဲ့များက ကချင် ပြည်နယ်အတွင်း၌ ကျင်းပခဲ့သောရွေး ကောက်ပွဲများတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အား ကျောထောက်နောက်ခံပေး ခဲ့သည်ဟု သတ်မှတ်နိုင်သည်။ သို့သော် ၂ဝ၁၈ ခုနှစ်အတွင်းသို့ရောက်ရှိလာချိန် တွင် ကချင်တိုင်းရင်းသားများအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် စိုးရိမ် ဖွယ်အခြေအနေများပေါ်ထွက်လာခြင်း ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်ဖြစ်သော နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ်အနေဖြင့် လူနည်းစုတိုင်းရင်း သားများအပေါ် အလေးထားအာရုံစိုက်မှု နည်းပါးသည်ဟု ခံစားလာရပုံရသည်။ ကချင်ဒီမိုကရက်တစ်ပါတီအနေဖြင့်ကချင် လူမျိုးစုခေါင်းဆောင်များနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အပေါ် ကျေနပ်အားရ မှုမရှိသူများထံမှ ထောက်ခံမဲများရရှိခဲ့ပုံ ရသော်လည်း ကချင်နိုင်ငံရေးပါတီများ ကြားတွင် ကြိုတင်ညှိနှိုင်းဆွေးနွေးထား မှုမရှိခဲ့ခြင်းကြောင့် မဲကွဲမှုများနှင့်ရင်ဆိုင် ခဲ့ရပုံရသည်။ ထို့အပြင်မြစ်ကြီးနားမြို့သည် မတူညီသည့် တိုင်းရင်းသားအများအပြား မှီတင်းနေထိုင်ရာမြို့ဖြစ်နေပြီး ရှမ်းနှင့် ဗမာတိုင်းရင်းသားဦးရေ ပမာဏများပြား စွာရှိနေခြင်းက ကချင်နိုင်ငံရေးပါတီများ အားရှုံးနိမ့်စေခဲ့သည့်အချက်တစ်ခုဖြစ်ဖွယ် ရှိသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေ ဖြင့် မြစ်ကြီးနားမြို့၌ ပါတီမှကိုယ်စားပြု ဆောင်ရွက်သည်ဟု လက်ခံစေမည့်အနီ ရောင်အလံငယ်တစ်ခုစိုက်ထူခြင်းကဲ့သို့ လုပ်ငန်းစဉ်မျိုးကိုပင် လုပ်ဆောင်မှုမရှိခဲ့ ခြင်းသည် တိုင်းရင်းသားများ၏သဘော ထားပြောင်းလဲသွားစေခဲ့သည့် အကြောင်း တရားဖြစ်နိုင်သည်။ တစ်နိုင်ငံလုံးရှိ တိုင်း ရင်းသားနယ်မြေများတွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်အပေါ်ထားရှိသည့်သဘော ထားများပြောင်းလဲသွားကြောင်း လက်ခံ ရမည့်အခြေအနေများကိုလည်း ထင်ထင် ရှားရှားမြင်တွေ့နေရပြီဖြစ်သည်။ တိုင်း ရင်းသားနိုင်ငံရေးပါတီများအနေဖြင့်ဝင် ရောက်ယှဉ်ပြိုင်ရမည့် မဲဆန္ဒနယ်များ အတွက် သဘောတူညီမှုရယူသတ်မှတ် ခြင်းကဲ့သို့လုပ်ဆောင်ချက်များလုပ်ဆောင် ခြင်းဖြင့် ၂ဝ၂ဝ ပြည့်နှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲ၌ မဲကွဲမှုများဖြစ်ပေါ်မလာ အောင် ကာကွယ်ကာ လွှတ်တော်ကိုယ် စားလှယ်ဦးရေ ပိုမိုရရှိအောင်ကြိုးပမ်း သင့်သည်။ သို့သော် ထိုသို့လုပ်ဆောင် ရုံမျှဖြင့် တိုင်းရင်းသားနိုင်ငံရေးပါတီများ အနိုင်ရရှိမှုနှုန်းမြင့်တက်လာကာ လွှတ် တော်များ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က လွှမ်းမိုးထားသည့်အခြေအနေများ ကို အပြောင်းအလဲပြုလုပ်နိုင်မည်ဟု ရာနှုန်းပြည့်မမျှော်လင့်သင့်ပါ။
မဲဆန္ဒနယ် အချို့သည် မတူညီသည့်တိုင်းရင်းသား များစုပေါင်းနေထိုင်လျက်ရှိသော မဲဆန္ဒ နယ်များဖြစ်ကြသည်။ ရွေးကောက် ပွဲစနစ်သည်လည်း နိုင်သူအကုန်ယူစနစ် ဖြစ်သောကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွက် အခွင့်သာသည့်အချက် များရှိလာနိုင်သည်။ ထို့အပြင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များကိုရွေးချယ် မည့် မဲဆန္ဒနယ်များအနက် သုံးပုံနှစ်ပုံခန့် သည် ဗမာတိုင်းရင်းသားအများစုနေထိုင် ကြသည့် ပြည်မဒေသအတွင်း၌ရှိနေကာ ၂ဝ၁၅ခုနှစ်ကကျင်းပခဲ့သောရွေးကောက် ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သည် အဆိုပါမဲဆန္ဒနယ်များ၌ ၉၆ ရာခိုင် နှုန်းခန့်အနိုင်ရရှိခဲ့သည်ကို ထည့်သွင်း စဉ်းစားရမည်ဖြစ်သည်။
ရွေးကောက်ခံ ကိုယ်စားလှယ်ဦးရေ ၁၆၈ ဦးသာရှိသောအမျိုးသားလွှတ်တော် ထက် ရွေးကောက်ခံကိုယ်စားလှယ်ဦးရေ ၃၃ဝ ဦးရှိသော ပြည်သူ့လွှတ်တော်သည် မြန်မာနိုင်ငံ၏ သမ္မတရွေးချယ်သည့်စနစ် ကြောင့် ပိုမိုအရေးကြီးသည့်အနေအထား တွင်ရှိနေသည်။ ပြည်သူ့လွှတ်တော်သည် အမျိုးသားလွှတ်တော်ထက် ကိုယ်စား လှယ်ဦးရေ နှစ်ဆနီးပါးပိုများနေသည့် အနေအထားမျိုးကို ပိုင်ဆိုင်ထားသည်။ မြန်မာနိုင်ငံ၏ သမ္မတရွေးချယ်သည့်စနစ် မှာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ နှင့် တပ်မတော်သားလွှတ်တော်ကိုယ်စား လှယ်များက သမ္မတလောင်းတစ်ဦးစီ ရွေးချယ်ပေးပြီးနောက် စုပေါင်းမဲပေးကာ မဲအများဆုံးရရှိသူအား သမ္မတအဖြစ်ခန့် အပ်သည့်စနစ်ဖြစ်သည်။ ဆန္ဒမဲဒုတိယ နှင့် တတိယအများဆုံးရရှိသူများသည် ဒုတိယသမ္မတများဖြစ်လာကြမည်ဖြစ် သည်။မဲပေးရွေးချယ်ရာတွင်လည်း လွှတ် တော်ကိုယ်စားလှယ်တစ်ဦးလျှင် ဆန္ဒမဲ တစ်မဲစီ ပေးအပ်ရပြီး တစ်ကြိမ်တည်း သာ မဲပေးရွေးချယ်သည့်စနစ်ကို ကျင့် သုံးခြင်းဖြစ်သည်။ ထို့ကြောင့် လွှတ် တော်ကိုယ်စားလှယ်ဦးရေ ပိုမိုများပြား သည့်ပြည်သူ့လွှတ်တော်အနေဖြင့်ကြီးမား သောအားသာချက်ကို ပိုင်ဆိုင်ထားသကဲ့ သို့ဖြစ်နေကာ ပြည်သူ့လွှတ်တော်က ရွေး ချယ်လိုက်သော သမ္မတလောင်းသည် သမ္မတဖြစ်ရန်ဖြစ်နိုင်ခြေပိုမိုမြင့်မားသည် ဟု သတ်မှတ်ရမည်ဖြစ်သည်။ သမ္မတ အဖြစ်ရွေးချယ်ခံရသူသည် အစိုးရအဖွဲ့ ဝင်များကို ရွေးချယ်ခန့်အပ်ရမည့်အုပ်ချုပ် ရေးအာဏာကို ပိုင်ဆိုင်မည်ဖြစ်သည်။
(Ref; Peace and Electoral Democracy in Myanmar By ICG)
(ဆက်လက်ဖော်ပြပါမည်)