images
UN
UN
အင်ဒိုနီးရှားတောမီးကြောင့် မလေးရှားနှင့်စင်ကာပူတွင်လေထုညစ်ညမ်းမှုများဖြစ်ပေါ်
Tuesday, 10 September 2019
အင်ဒိုနီးရှားနိုင်ငံအတွင်းရှိ ဆူမားတြားကျွန်းပေါ်တွင်ဖြစ်ပွားလျက်ရှိသော တောမီး လောင်ကျွမ်းမှုများကြောင့် မလေးရှားနှင့်စင်ကာပူနိုင်ငံများတွင် လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ရိုက်တာသတင်းဌာနကဖော်ပြသည်။ မလေးရှားနိုင်ငံအရှေ့ပိုင်း ရှိ ဆာရာဝပ်ပြည်နယ်အတွင်း၌ လေထုညစ်ညမ်းမှုအခြေအနေဆိုးရွားလာခြင်းကြောင့် လူ ငါးသိန်းခန့်အား လေထုညစ်ညမ်းမှုအန္တရာယ်ကိုအကာအကွယ်ပေးနိုင်သည့် Mask များတပ်ဆင်ရန် အစိုးရပိုင်းမှ ဝေငှမှုများပြုလုပ်ပေးခဲ့သည်။ ထို့အပြင် အသက်ရှုလမ်း ကြောင်းဆိုင်ရာအကျိုးဆက်များဖြစ်ပွားလာနိုင်ခြင်းကြောင့် စာသင်ကျောင်း ၄ဝဝ ခန့် အား ပိတ်ထားရန်ဆုံးဖြတ်ခဲ့သည်။ စင်ကာပူနိုင်ငံအတွင်း၌လည်း အသက်ရှုလမ်းကြောင်း ဆိုင်ရာ ဆိုးကျိုးများရင်ဆိုင်ရနိုင်သည်အထိ အကျိုးသက်ရောက်နိုင်သော လေထုအရည် အသွေးကျဆင်းမှုများဖြစ်ပေါ်လာခြင်းကြောင့် ကြိုတင်ကာကွယ်ရေးအစီအစဉ်များဖော် ဆောင်ရန်ပြင်ဆင်လျက်ရှိသည်။
NG(Ref;Reuters)