images
UN
UN
အောင်မြင်မှုများကြောင့် ရလဒ်ကောင်းရန် ပြန်လည်ရုန်းကန်နေရခြင်းဟု ပီရက်ဇ်ပြော ပေါ့ဂ်ဘာအတွက် ရီးရဲလ်မက်ဒရစ်အသင်းတံခါးဖွင့်ထားဆဲဖြစ်ကြောင်း ရာမို့စ်ဖွင့်ဟ
Tuesday, 10 September 2019
ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌပီရက်ဇ် က မကြာသေးမီကာလအတွင်း ကြီးမားသည့်အောင်မြင်မှုများ ရရှိ ခဲ့ခြင်းကြောင့် လက်ရှိတွင်ရုန်းကန် နေရခြင်းဖြစ်သည်ဟု ပြောကြား လိုက်သည်။ ရီးရဲလ်မက်ဒရစ်သည် ချန်ပီယံလိဂ်ဖလားကို သုံးရာသီ ဆက်တိုက် ရယူနိုင်ခဲ့ပြီးနောက် ပြီးခဲ့သောရာသီမှစကာ ရလဒ် ကောင်းရန် ရုန်းကန်နေရခြင်းဖြစ် သည်။ ပြီးခဲ့သောရာသီက လာလီ ဂါပြိုင်ပွဲတွင် ချန်ပီယံဘာစီလိုနာနှင့် ၁၉ မှတ်ပြတ်ခဲ့ပြီး ၄င်းတို့အသင်း နှစ်သင်းကြား အမှတ်အများဆုံး ကွာဟသည့် မှတ်တမ်းဖြစ်ခဲ့သည်။ ထို့ပြင် ပြီးခဲ့သောရာသီ၏ ချန်ပီယံ လိဂ်ပြိုင်ပွဲတွင်လည်း ရီးရဲလ်သည် ၁၆ သင်းအဆင့်သာ ရောက်ရှိနေ သည်။
ယခုရာသီတွင်လည်း ၄င်းတို့ သည် အမှတ်ပေးပွဲစဉ် သုံးပွဲယှဉ် ပြိုင်ပြီးနောက် ရမှတ်ငါးမှတ်သာ ရရှိခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၅ နေရာသို့ ရောက်ရှိနေသည်။ ''ကျွန်တော်တို့ရဲ့အောင်မြင်မှုတွေ ကပဲ အသင်းရဲ့အရှိန်ကို ရပ်တန့်ပစ် ခဲ့တယ်လို့ပြောရမှာပါ။ ဒါကို ကျွန် တော်တို့ ပြန်ပြီးအဖြေရှာကြရမှာ ပါ။ ဒီကစားသမားတွေနဲ့ ဒီနည်းပြ စုဖွဲ့မှုက ချန်ပီယံဆုကို ယူခဲ့ကြတဲ့ သူတွေပါ။ ဒီလိုမျိုး သူတို့ထပ်လုပ် နိုင်ပါလိမ့်ဦးမယ်''ဟု ပီရက်ဇ်က ပြောကြားခဲ့သည်။
ရီးရဲလ်မက်ဒရစ်နှင့်ဆက်စပ် သတင်းတစ်ရပ်တွင် အသင်းခေါင်း ဆောင်ရာမို့စ်က မန်ယူမှပေါ့ဂ်ဘာ အတွက် အသင်း၏တံခါးပွင့်နေဆဲ ဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။ ပြီးခဲ့ သောအပြောင်းအရွှေ့ကာလအတွင်း ပေါ့ဂ်ဘာကိုခေါ်ရန် ရီးရဲလ်က ကြိုးစားခဲ့သော်လည်း မအောင်မြင် ခဲ့ပေ။ သို့သော် ရာမို့စ်က ရီးရဲလ် မက်ဒရစ်သည် ကစားသမား ကောင်းများအတွက် အစဉ်လမ်း ဖွင့်ထားသော အသင်းဖြစ်၍ ပေါ့ဂ် ဘာအတွက် အခွင့်အရေးရှိနေသည် ဟု ပြောသည်။ Ref;Marca