images
UN
UN
စီးရီးအေ၏လစာအမြင့်ဆုံးစာရင်းတွင် စီရော်နယ်ဒို ဆက်လက်ဦးဆောင်
Tuesday, 10 September 2019

ဂျူဗင်တပ်တိုက်စစ်မှူး စီရော် နယ်ဒိုသည် စီးရီးအေတွင် လစာ အမြင့်ဆုံးကစားသမားအဖြစ် ဆက် လက်ဦးဆောင်ထားပြီး ဒုတိယ နေရာတွင် ရပ်တည်နေသောကစား သမားထက် လေးဆနီးပါး ပိုမိုရရှိ နေခြင်းဖြစ်ကြောင်းသိရသည်။ စီ ရော်နယ်ဒိုသည် တစ်ရာသီလျှင် လစာယူရို ၃၁ သန်းအထိ ရရှိနေ ခြင်းဖြစ်သည်။
ဒုတိယနေရာတွင် ရပ်တည်နေ သောကစားသမားမှာ ပြီးခဲ့သော နွေတွင် ဂျူဗင်တပ်သို့ရောက်လာ ခဲ့သည့် နောက်ခံလူဒီလိုက်ဖြစ်ပြီး ၄င်း၏အသားတင်လစာမှာ တစ် နှစ်လျှင် ယူရိုရှစ်သန်းသာရှိသည်။ ဂျူဗင်တပ်က ၄င်းအား တစ်ရာသီ လျှင် ဆုကြေးယူရိုလေးသန်းထပ် ပေးမည်ဖြစ်၍ အဆိုပါဆုကြေးနှင့် ပေါင်းလျှင်ပင် စီရော်နယ်ဒို၏ လစာမှာ သုံးဆနီးပါး များပြား နေဆဲဖြစ်သည်။ ၄င်းတို့၏နောက် တွင် အင်တာမီလန်တိုက်စစ်မှူး လူကာကူက ယူရို ၇ ဒသမ ၅သန်း အပြင် ဆုကြေးယူရို ၁ ဒသမ ၅ သန်းဖြင့်ရပ်တည်လျက်ရှိကြောင်း သိရသည်။ Ref ;Gazzetta