images
UN
UN
အပြောင်းအရွှေ့အသုံးစရိတ်အမြင့်ဆုံးအသင်းအဖြစ် မန်စီးတီးရပ်တည်
Tuesday, 10 September 2019
ပရီးမီးယားလိဂ်ချန်ပီယံ မန် စီးတီးအသင်းသည် ခေါ်ယူခဲ့သော ကစားသမားများ၏တန်ကြေးကို တွက်ချက်ဖော်ပြမှု၌ တန်ကြေး အမြင့်ဆုံးအသင်းအဖြစ် ရပ်တည် လျက်ရှိနေသည်။ မန်စီးတီးသည် ပြီးခဲ့သောအပြောင်းအရွှေ့ကာလ တွင် ရိုဒရီတစ်ဦးကိုသာ ပေါင် ၆၂ သန်းဖြင့် ခေါ်ယူခဲ့သော်လည်း ၄င်း တို့ခေါ်ယူခဲ့သည့် ကစားသမား စာရင်းတန်ကြေးမှာ ပေါင်သန်း ၉ဝဝ ကျော်အထိ ရှိနေ၍ ထိပ်ဆုံး တွင်ရပ်တည်နေခြင်းဖြစ်သည်။
အဆိုပါစာရင်းကို CIES အဖွဲ့မှ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ပရီးမီးယား လိဂ် အသင်းများသာ အဆင့် ၁ဝ အတွင်း ဦးဆောင်ပါဝင်နေကြခြင်း ဖြစ်သည်။ အဆင့် ၂ နေရာတွင် ပီအက်စ်ဂျီ၊ အဆင့် ၃ တွင် ရီး ရဲလ်၊ အဆင့် ၄ တွင် မန်ယူနှင့် အဆင့် ၅ တွင် ဂျူဗင်တပ်တို့က ရပ်တည်နေကြပြီး ဘာစီလိုနာ၊ လီဗာပူး၊ ချဲလ်ဆီး၊ အက်သလက် တီကိုနှင့် အာဆင်နယ်တို့မှာ အဆင့် ၁ဝ အတွင်း ပါဝင်နေကြသည်။
Ref ;Mirror