images
UN
UN
ကျောက်တံခါးမြို့ နယ်နှင့် ညောင်လေးပင်မြို့ နယ် ပြည်ခိုင်ဖြိုးပါတီမြို့ နယ်ကော်မတီဝင်များ ပုံမှန်အစည်းအဝေးကျင်းပ
ဖြိုးကိုလင်း(ညောင်ဝိုင်း) Tuesday, 10 September 2019
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ညောင်လေးပင်မြို့နယ် ပြည်ခိုင် ဖြိုးပါတီမြို့နယ်ကော်မတီဝင်များ ၏မျက်နှာစုံညီ လပတ်ပုံမှန်အစည်း အဝေးကို ယနေ့ နံနက်ပိုင်းက မြို့နယ်ပါတီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
တွေ့ဆုံပွဲတွင် မြို့နယ်ပါတီ ဥက္ကဋ္ဌဦးကျော်ဌေးက အဖွင့်အမှာ စကားပြောကြားရာ၌ ပါတီအဆင့် ဆင့် အကြီးအကဲများ၏ ညွှန်ကြား ချက်များ၊လုပ်ဆောင်ရမည့်လုပ်ငန်း စဉ်များကို ချပြရှင်းလင်းတင်ပြ ခဲ့ပြီး မြို့နယ်ပါတီ အတွင်းရေးမှူး နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ က ရေးရာကော်မတီအလိုက်၊သက် ဆိုင်ရာ နယ်မြေအလိုက် ပါတီ စည်းရုံးရေးလုပ်ငန်းများ ဆောင် ရွက်နေမှု၊ အမာခံပါတီဝင်အင်အား ရရှိမှု၊ စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့နေရ သောမြေပြင်ပကတိအခြေအနေများ ကို အသီးသီးတင်ပြခဲ့ရာ တင်ပြ ချက်များအပေါ် အစည်းအဝေး ဆုံးဖြတ်ချက်များ၊ အတည်ပြုချက် များချမှတ်ခဲ့ပြီး ရှေ့ဆက်ဆောင် ရွက်ရမည့် လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ပြီး တွေ့ဆုံပွဲကို ရုပ်သိမ်း ခဲ့သည်။
အလားတူ ကျောက်တံခါးမြို့ နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ ဆောင်တွင်လည်း ယနေ့နံနက်ပိုင်း က မြို့နယ်ပါတီကော်မတီဝင်များ မျက်နှာစုံညီ လပတ်ပုံမှန်အစည်း အဝေးကျင်းပခဲ့ရာ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးကျော်ဆန်းဦးနှင့် ပါတီ အတွင်းရေးမှူး ဦးဘုန်းမြင့်ဦးနှင့် မြို့နယ် ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။