images
UN
UN
ပြည်ခိုင်ဖြိုးပါတီ စစ်ကိုင်းတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ခရိုင် မြို့နယ် ပါတီကော်မတီဝင်များနှင့် အစည်းအဝေးပြုလုပ်
Tuesday, 10 September 2019
စစ်ကိုင်းတိုင်းဒေသကြီး ပြည် ခိုင်ဖြိုးပါတီနှင့် စစ်ကိုင်းခရိုင်နှင့် ခရိုင်အတွင်းရှိ မြို့နယ်သုံးမြို့နယ်မှ ပါတီကော်မတီဝင်များ လုပ်ငန်းညှိ နှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁ဝနာရီက စစ်ကိုင်းခရိုင်ပါတီရုံး အစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း တက်ရောက် ခဲ့သည်။အဆိုပါ အစည်းအဝေးသို့ ပါတီ ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း၊ တိုင်းဒေသ ကြီးပါတီအတွင်းရေးမှူး ဦးအောင် ဇော်ဦး၊ တိုင်းဒေသကြီးပါတီကော် မတီဝင်ဦးသောင်းမြင့်၊ စစ်ကိုင်း ခရိုင်ပါတီဥက္ကဋ္ဌဦးစိန်ခဲနှင့် ခရိုင် ပါတီကော်မတီဝင်များ၊ စစ်ကိုင်း မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဘုန်းကျော် နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ မြင်းမူမြို့နယ်ပါတီဥက္ကဋ္ဌဦးဝင်း နိုင်နှင့် မြို့နယ်ပါတီကော်မတီဝင် များ၊ မြောင်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ တက်ရောက် ဆွေးနွေးခဲ့ကြသည်။