images
UN
UN
တိုင်းပြည်လူမျိုး ကောင်းကျိုးအမှန် လက်တွဲရန်သာ(ကဗျာ)
Tuesday, 10 September 2019
* နယ်မြေတစ်ခု အခြေပြု၍
လူစုတော်လှန် မျိုးချစ်ဟန်ဖြင့်
ဖောက်ပြန်အတွေး ဦးနှောက်သေးလျှင်
စစ်ဘေးစစ်ဒဏ် ဘယ်သူခံရ
ကံဆိုးကြသူ တို့ပြည်သူသာ
ပူပင်သောက ကြီးဒုက္ခ။
* ဒေသအကျိုး ကိုယ့်လူမျိုးကို
ဖွံ့ဖြိုးစေချင် စိတ်ကောင်းဝင်လော့
အမြင်အတွေး ပြောင်းလဲပေးလော့
စစ်ရေးနည်းလမ်း မငြိမ်းချမ်းဘဲ
စိတ်ဝမ်းကွဲကာ သွေးချင်းငါတို့
ဘယ်မှာချမ်းမြေ့ သောကတွေ့။
* တံတားတည်ဆောက် လမ်းများဖောက်၍
ရှေ့နောက်တောင်မြောက် ခရီးပေါက်လျှင်
နောက်ကျမကျန် ဒေသခံတို့
အမှန်ဖွံ့ဖြိုး တိုင်းရင်းရိုးရာ
မျိုးဘာသာနှင့် သာယာလူမှု
ပြည်သူ့စီးပွား ကောင်းကျိုးများမည်
အမှားလုပ်ရပ် ပြုပြင်အပ်။
* စွမ်းရည်သုံးရပ် မပြတ်မြှင့်တင်
အစဉ်နိုးကြား သုံးပါးအရေး
မြော်တွေးလမ်းပြ မြန်မာ့တပ်မတော်
လက်တွဲခေါ်စဉ် လျော်ကန်ဆုံးဖြတ်
အနာဂတ်၏ လတ်ဆတ်လန်းဆန်း
ငြိမ်းချမ်းပန်းကို တူလှမ်းဆွတ်ယူ
တို့ပြည်သူ၏လိုလားချက်
ပြည်ထောင်စုတွက် ခွန်အားတက်။
မောင်ဆန်းဌေး(ဇလွန်)