images
UN
UN
ကြိုးမဲ့နည်းပညာကို အသုံးပြုသည့် ဗုံးထောင်ဗုံးခွဲမှုများကို AAသောင်းကျန်းသူအဖွဲ့အသုံးပြုနေ
NG Wednesday, 11 September 2019
အိန္ဒိယထောက်လှမ်းရေးသတင်း ရင်းမြစ်များက ရခိုင်ပြည်နယ်တွင် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လျက် ရှိသည့် AAသောင်းကျန်းသူအဖွဲ့ သည် ကြိုးမဲ့နည်းပညာကို အသုံး ပြုသည့်ဗုံးထောင်ဗုံးခွဲမှုများ ပြုလုပ် လျက်ရှိကြောင်း အတည်ပြုခဲ့သည် ဟု dnaindia သတင်းဌာနက ဖော်ပြသည်။
အိန္ဒိယအမျိုးသားလုံခြုံရေးနှင့် ဆိုင်သောအဖွဲ့အစည်းများတွင် တာဝန်ယူနေသည့် ထိပ်တန်းအရာ ရှိတစ်ဦးက AAသောင်းကျန်းသူ အဖွဲ့သည် တပ်မတော်အား တိုက် ခိုက်မှုများပြုလုပ်ရာတွင် ဗုံးထောင် ခြင်းနှင့် ဗုံးခွဲခြင်းကဲ့သို့ လုပ်ငန်း စဉ်များအား Bluetooth နှင့် Wifi ကဲ့သို့ ကြိုးမဲ့ဆက်သွယ်ရေး စနစ်များကို အသုံးပြုကာ တိုက် ခိုက်လျက်ရှိကြောင်း၊ အိန္ဒိယနယ် ခြားစောင့်တပ်ဖြစ်သော အာသံ ရိုင်ဖယ်မှ ကျွမ်းကျင်သူများအား AA သောင်းကျန်းသူအဖွဲ့ အသုံး ပြုလျက်ရှိသည့် ကြိုးမဲ့နည်းပညာ ကို အသုံးပြုသည့် ဖောက်ခွဲရေး စနစ်များကို လေ့လာသုံးသပ်မှု ပြုလုပ်ရန် ညွှန်ကြားခဲ့ပြီးနောက် တွင် ရခိုင်ပြည်နယ်အတွင်း၌ ကြိုးမဲ့နည်းပညာကိုအသုံးပြုသည့် ဖောက်ခွဲမှုများ ပြုလုပ်ခဲ့သည်ဟု အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။ ထို့အပြင် AA သောင်း ကျန်းသူအဖွဲ့သည် ကုလားတန် မြစ်ကြောင်းဘက်စုံစီမံကိန်းအား ထိခိုက်အောင်ရည်ရွယ်သည့်လုပ် ဆောင်ချက်များကို လုပ်ဆောင်နေ သည်ဟုလည်း အိန္ဒိယဘက်မှ ယူဆလျက်ရှိသည်။