images
UN
UN
မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြု နယ်ခြားတောင်ရှိအောင်တော်မူစေတီကုန်းတော်စုပေါင်းသန့်ရှင်းရေးပြုလုပ်
ချင်းတွင်းသား Wednesday, 11 September 2019
(၅၅)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အားဂုဏ်ပြုကြိုဆိုသော အားဖြင့်ရိခေါဒါးရ်မြို့နယ်မြေရဲစခန်း မှ ရဲတပ်ဖွဲ့ဝင်များက ရိခေါဒါးရ်မြို့ အမှတ်(၁)ရပ်ကွက်နယ်ခြားတောင်ရှိ အောင်တော်မူစေတီကုန်းတော် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ယခုလ ၉ရက်က ဆောင်ရွက်ခဲ့ ကြသည်။
အဆိုပါစုပေါင်းသန့်ရှင်းရေး ပြုလုပ်ရာတွင် ရိခေါဒါးရ်မြို့နယ် မြေရဲစခန်းမှ စခန်းမှူးရဲအုပ်အောင် ဆန်းလင်းဦးဆောင်မှုဖြင့် ရဲတပ်ဖွဲ့ ဝင်များကရိခေါဒါးရ်မြို့အမှတ်(၁) ရပ်ကွက်နယ်ခြားတောင်ရှိ အောင် တော်မူစေတီကုန်းတော်သန့်ရှင်းရေး ပြုလုပ်ခြင်း၊စေတီပတ်ဝန်းကျင်ရှိ ချုံနွယ်ပိတ်ပေါင်းများ၊ မြက်ထူများ ရှင်းလင်းခြင်းနှင့်ရင်ပြင်တော်များကို သန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း သိရ သည်။