images
UN
UN
ဈေးကုန်းရပ်ကွက် ဆွမ်းဆန်တော်လောင်းလှူပွဲတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များပါဝင်လောင်းလှူ
ဝင်းအောင်(မိုးကောင်း) Wednesday, 11 September 2019
ကချင်ပြည်နယ် မိုးကောင်းမြို့ ဈေးကုန်းရပ်ကွက် (၄၃)ကြိမ် မြောက် သံဃာ့ဒါနဆွမ်းဆန်တော် လောင်းလှူပူဇော်ပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါရပ်ကွက် အတွင်း၌ကျင်းပသည်။
ဆွမ်းဆန်တော် လောင်းလှူ ပူဇော်ပွဲသို့ မိုးကောင်းမြို့ နန့်ရင်း ရပ်ကွက် သပြေပင်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တအဂ္ဂဓမ္မအမှူးပြု သောပင့်သံဃာတော် ၃၉၄ ပါးနှင့် သီလရှင် ၁၃၅ ပါးတို့ ကြွရောက် တော်မူကြပြီး အလှူရှင်များ၊ ရပ်ကွက်နေပြည်သူများနှင့်အတူ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးထွန်းထွန်း အောင်နှင့် မြို့နယ်ပါတီကော်မတီ ဝင်များ၊ မြို့နယ်အရန်ပါတီကော် မတီဝင်များနှင့်ပါတီဝင်များကလည်း စေတနာ သဒ္ဓါတရားထက်သန်စွာ ဖြင့် ဆွမ်းဆန်တော်များ ပါဝင် လောင်းလှူပူဇော်ခဲ့ကြသည်။
ဈေးကုန်းရပ်ကွက် (၄၃)ကြိမ် မြောက် သံဃာ့ဒါနဆွမ်းဆန်တော် လောင်းလှူပွဲဖြစ်မြောက်ရေးကော် မတီကလည်း ဆွမ်းဆန်တော်များ၊ အခြားလှူဖွယ်ဝတ္ထုပစ္စည်းများနှင့် စာရေးတံမဲများသီးခြားဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။