images
UN
UN
(၂၈)ကြိမ်မြောက် ဥရောပရုပ်ရှင်ပွဲတော်မှ ဆုရရုပ်ရှင်များကို ရန်ကုန်နှင့်မန္တလေးတွင်ပြသ
အေးချမ်းပိုပို Wednesday, 11 September 2019
(၂၈)ကြိမ်မြောက်ဥရောပရုပ်ရှင် ပွဲတော်မှ ဆုရရုပ်ရှင်များကိုရန်ကုန် နှင့်မန္တလေးတွင်ပြသသွားမည်ဖြစ် ကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သမဂ္ဂကိုယ်စားလှယ်အဖွဲ့မှဦးဆောင် ၍ Goethe Institute Myanmar၊ ပြင်သစ်ယဉ်ကျေးမှုဌာန(Institute français de Birmanie)တို့နှင့် ပူး ပေါင်းကာစီစဉ်သောရုပ်ရှင်ပွဲတော် သည် မြန်မာနှင့်ဥရောပနိုင်ငံတို့ အကြား ယဉ်ကျေးမှုချင်းဖလှယ်ရန် နှင့် ဥရောပရုပ်ရှင်များ၏ မတူ ကွဲပြားမှုများကို ခံစားသိရှိနိုင်စေ ရန်ရည်ရွယ်ကာ ကျင်းပခြင်းဖြစ် ကြောင်း သိရသည်။
ပြသသွားမည့်ရုပ်ရှင်ဇာတ်ကား များသည် ဟာသမှ ဒရာမာ၊ မှတ် တမ်းရုပ်ရှင်မှ ကလေးများအတွက် ရုပ်ရှင်အထိ အမျိုးအစားအစုံ အလင်ပါဝင်သည်။ ရုပ်ရှင်လက် မှတ်များကို ပွဲမစမီ တစ်နာရီမှ ၁၅ မိနစ်အလိုထိ ဦးရာလူစနစ်ဖြင့် အခမဲ့ရယူနိုင်မည်ဖြစ်ပြီးရုပ်ရှင်ပွဲ တော်ကို မန္တလေးမြို့တွင် ပထမ ဦးဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပြီး ရုပ်ရှင်ကားကိုးကားကို မင်္ဂလာ ရုပ်ရှင်ရုံစင်ထရယ်ပွိုင့်တွင် ယခုလ ၁၃ ရက်မှ ၁၅ ရက်ထိ ပြသသွား မည်ဖြစ်သည်။ ရုပ်ရှင်ပွဲတော်ကို ဥရောပအရှေ့တောင်ပိုင်းဒေသတွင် အထီးကျန်ပျောက်ဆုံးနေရင်း မိမိ ကိုယ်ကိုရှာဖွေတွေ့ရှိသွားသော ဘယ်လ်ဂျီယံနိုင်ငံ ဘုရင်တစ်ပါး ၏ ဟာသဆန်ဆန်ရုပ်ရှင်f(King of the Belgians)ဖြင့် စတင်ဖွင့်လှစ် သွားမည်ဖြစ်သည်။
ရန်ကုန်မြို့တွင် ရုပ်ရှင်ပွဲတော် ကို အော်စကာဆုရ ပိုလန်ဒါရိုက် တာ Pawel Pawlikowski ရိုက် ကူးထားသည့်Cold War ရုပ်ရှင် ဖြင့် ယခုလ ၂ဝ ရက်တွင် စတင် ဖွင့်လှစ်သွားမည်ဖြစ်သည်။ ဖိနှိပ်မှု၊ လွတ်လပ်မှုနှင့် ခက်ခဲကြမ်းတမ်း မှုများကိုကြုံတွေ့ရသည့် ချစ်ခြင်း မေတ္တာအကြောင်းကို ဖော်ညွှန်း ရိုက်ကူးထားသည့် ဂန္ထဝင်မြောက် အဖြူအမည်းလက်ရာဖြစ်သောCold War ရုပ်ရှင်သည် အကယ် ဒမီ ဆန်ခါတင်စာရင်းဝင်ဆုသုံးဆု နှင့် ဂုဏ်သိက္ခာရှိ ရုပ်ရှင်အဖွဲ့ အစည်းများဖြစ်သော ကိန်းရုပ်ရှင် ပွဲတော်၊Goya Awards ? European Film Awards ? National Board of Review နှင့် the New York Film Critics Circle တို့မှ ချီးမြှင့်သော အကောင်းဆုံးနိုင်ငံ ခြားရုပ်ရှင်ဆုနှင့် အကောင်းဆုံး ဒါရိုက်တာဆုများစွာရရှိထားကာ ယခုနှစ်၏ ဆုများစွာရရှိထားသော ဥရောပရုပ်ရှင်ဇာတ်ကားများအနက် တစ်ကားဖြစ်ပြီးရုပ်ရှင်ဇာတ်ကား ၂ဝ ကို မြို့လယ်ရှိ နေပြည်တော် ရုပ်ရှင်ရုံနှင့် ကမ္ဘာအေးဘုရားလမ်း ပေါ်ရှိ Goethe Villa တွင် ယခုလ ၂ဝရက်မှ ၂၉ ရက်အထိ ပြသသွား မည်ဖြစ်သည်။