images
UN
UN
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် ရုပ်ရှင်သရုပ်ဆောင်မင်းသားမင်းသမီးများ ရိုးရာအကများ တေးသီချင်းများဖြင့်ဖျော်ဖြေ
သီဟကိုကို(မန္တလေး) Wednesday, 11 September 2019
မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး နှင့်ယဉ်ကျေးမှုပူးပေါင်းဖလှယ်ရေး အစီအစဉ်အရ အိန္ဒိယသမ္မတနိုင်ငံ မဏိပူရပြည်နယ် ရုပ်ရှင်သရုပ် ဆောင် မင်းသား၊မင်းသမီးများ၏ သီဆိုဖျော်ဖြေပွဲကို ယမန်နေ့ ညနေ ၆ နာရီက မန္တလေးမြို့ အောင်မြေ သာစံမြို့နယ် ၂၂ လမ်း၊ ၈၂ လမ်း နှင့် ၈၃ လမ်းကြားရှိ အမ်ဘီကာ မယ်တော်ကြီးဘုရားကျောင်းဝင်း အတွင်းရှိခန်းမ၌ ကျင်းပရာ အနု ပညာချစ်မြတ်နိုးသူများ၊ မန္တလေး မြို့ရှိ အိန္ဒိယနွယ်ဖွားများ၊ဖိတ်ကြား ထားသူများ လာရောက်ကြည့်ရှု အားပေးကြသည်။
သီဆိုဖျော်ဖြေပွဲတွင် မန္တလေး မြို့အခြေစိုက် အိန္ဒိယသမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်Mr.Nandan Singh Bhaisora ကကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားပြီး မဏိပူရ ပြည်နယ် ရုပ်ရှင်သရုပ်ဆောင်များ အဖွဲ့ခေါင်းဆောင်က သီဆိုဖျော်ဖြေ မှုအစီအစဉ်များကိုရှင်းလင်းပြော ကြားပြီး မဏိပူရပြည်နယ် ရုပ်ရှင် သရုပ်ဆောင်များကရိုးရာအကများ၊ တေးသီချင်းများ၊ မြန်မာသီချင်း စည်းလုံးခြင်းသည်အင်းအား တေး သီချင်းဖြင့်ဖျော်ဖြေကြသည်။ဖျော် ဖြေပွဲအပြီးတွင် မန္တလေးမြို့အခြေ စိုက် အိန္ဒိယနိုင်ငံ ကောင်စစ်ဝန် ချုပ်နှင့် ဟိန္ဒူလူမှုရေးအသင်း အဖွဲ့များက ဂုဏ်ပြုပန်းစည်းများ ပေးအပ်ကြသည်။