images
UN
UN
သန်လျင်၌ တစ်ကိုယ်တော် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်
သက်ခိုင်(သန်လျင်) Wednesday, 11 September 2019
ရန်ကုန်တောင်ပိုင်းခရိုင် သန် လျင်မြို့နယ်တွင် ယနေ့ နံနက် ၁ဝ နာရီက တစ်ကိုယ်တော်ငြိမ်းချမ်း စွာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရ သည်။
ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ရာ တွင် ဦးညီညီထွန်း(၄၃)နှစ် စက်ဆန်း မင်္ဂလာတောင်ညွန့်မြို့ နယ်နေသူမှ သန်လျင်မြို့နယ် ကောင်စီလမ်းထိပ်မှ စတင်ကာ တစ်ကိုယ်တော်ငြိမ်းချမ်းစွာဖြင့် ၄င်းဝတ်ဆင်ထားသောအင်္ကျီအရှေ့ တွင် အနီရောင်စတစ်ကာဖြင့် ရေး သားထားသော ပြောင်းလဲချိန်တန် ပြီ၊ အင်္ကျီအနောက်တွင် တရား ဥပဒေစိုးမိုးရေး အမြန်ဆောင်ရွက် ပေးပါ၊ ၄င်းအရှေ့တွင် အလျား သုံးပေ၊ အနံ နှစ်ပေခန့်ရှိ ဗီနိုင်းပေါ် တွင်ရေးသားထားသော သမ္မတ ကြီး မတရားမှုများအား လက်ပိုက် ကြည့်မနေပါနဲ့၊ ပြည်သူ့ဘဝလုံခြုံ စိတ်ချစွာနေထိုင်ရေး မည်သူ့တွင် တာဝန်ရှိသနည်း၊ တရားဥပဒေ စိုးမိုးမှု မှုခင်းကြိုတင်ကာကွယ်ရေး မည်သည့်အဖွဲ့အစည်းများတွင် တာဝန်ရှိသနည်း၊ ပြည်သူများအ ကြောင်းမဲ့ဖမ်းဆီးနေမှု သမ္မတကြီး ဖြေရှင်းပေးပါ၊ ၅ဝ၅ က၊ ခ၊ ၁၂၄ က၊ ခ ပုဒ်မများသည် ပြည်သူများ အမှန်တရားမပြောနိုင်အောင်နှုတ် ပိတ်သည့်ပုဒ်မများလား၊ လူ့အခွင့် အရေး၊ နိုင်ငံသားအခွင့်အရေး၊ ဖွဲ့ စည်းပုံပါ နိုင်ငံသားများ၏အခွင့် အရေး မည်သူက ကာကွယ်ပေး မည်နည်း၊ သမ္မတကြီး ပြောကြား ခဲ့သည့် နိုင်ငံသားများ၏အသက် အိုးအိမ်စည်းစိမ်များအား ကာကွယ် ရန် အစိုးရတွင်တာဝန်ရှိသည်ဆို သည်မှာ အမှန်တကယ်ဖြစ်ရဲ့လား၊ လွတ်လပ်စွာသွားလာခွင့် လွတ် လပ်စွာပြောဆိုခွင့်များ ဆုံးရှုံးနေ ခြင်းသည် မည်သူ့တွင် တာဝန်ရှိ သနည်း၊ တာဝန်ရှိသူများ တရား ဥပဒေကို ချိုးဖောက်နေခြင်းအား မည်သူ့တွင်တာဝန်ရှိသနည်း၊ ၂ဝ၁၇ခုနှစ် ပြည်ထောင်စုလွှတ် တော် ဥပဒေအမှတ်(၅)နိုင်ငံသား များ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ် ရေး ဥပဒေသည် ပြည်သူများ အတွက်အကျိုးသက်ရောက်မှုရှိပါ သလား စသည့်အချက်များအား လက်ကိုင်ဟန်းစပီကာဖြင့် လှည့် လည်ပြောဆိုကာ လမ်းမတော် လမ်း၊ ဗိုလ်ချုပ်နေဝင်းလမ်းမှ မြို့မ ဈေး တစ်ပတ်လှည့်၍ မြို့မကား မှတ်တိုင် အောင်သိဒ္ဓိလမ်းထိပ်မှ မော်တော်ယာဉ်ဖြင့် ရန်ကုန်-သန် လျင် အမှတ်(၁)တံတားမှ ရန်ကုန် မြို့သို့ နံနက် ၁ဝနာရီ မိနစ် ၄ဝ တွင် ထွက်ခွာသွားကြောင်း သိရ သည်။