images
UN
UN
ဟားခါး-ဖလမ်း-ကလေးလမ်းကြောင်း ကျောက်တောင်ပြိုကျမှုကြောင့် ခေတ္တလမ်းပိတ်ဆို့မှုဖြစ်ပွား
Wednesday, 11 September 2019
ဟားခါး- ဖလမ်း- ကလေး လမ်း၁၇၉ကီလိုမီတာမှ ၁၈ဝ ကီလိုမီတာအကြားတွင် မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် ယနေ့ နံနက်၆နာရီက အလျား ၄၁ မီတာ၊ အနံ ၁၂ဒသမ၅မီတာ၊ အမြင့် ၁ဝဒသမ၅မီတာရှိသော ကျောက် တောင်ပြိုကျမှုကြောင့် ခေတ္တလမ်း ပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သိရ သည်။
အဆိုပါ ကျောက်တောင်ပြိုကျ မှုကြောင့် လမ်းပြတ်တောက်မှုကို မြို့နယ်လမ်းဦးစီးဌာနမှ ဦးဆောင် စက်ယန္တရားကြီးများ၊ လူအင်အား များအသုံးပြု၍ နံနက် ၆နာရီခွဲမှ စတင်ဖယ်ရှားရာ နံနက်၇နာရီခွဲ တွင် ဆိုင်ကယ်လမ်းဖွင့်နိုင်ခဲ့ပြီး နံနက်၁ဝနာရီတွင် ယာဉ်ငယ်လမ်း များ သွားလာနိုင်ကာ ညနေ ၅နာရီ ခန့်တွင်ယာဉ်ကြီးများ သွားလာနိုင် ရေး ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း မြို့နယ်လမ်းဦးစီးဌာနမှ သိရသည်။