images
UN
UN
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ စစ်ကိုင်းတိုင်းဒေသကြီး ဥက္ကဋ္ဌရွေးကောက်ပွဲအောင်နိုင်ရေး တာဝန်ပေးခန့်အပ်လွှာပေးအပ်
Wednesday, 11 September 2019
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ ခရိုင် ချောင်းဦးမြို့နယ် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရွေးကောက်ပွဲအောင်နိုင်ရေး လုပ် ငန်းအဖွဲ့ခေါင်းဆောင်၊ဒုခေါင်းဆောင် တာဝန်ပေးအပ်ပွဲ အခမ်းအနားကို မြို့နယ်ပါတီခန်းမ၌ ယမန်နေ့ မွန်း တည့် ၁၂ နာရီက ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဗဟိုအလုပ်အမှုဆောင် စစ် ကိုင်းတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း တက်ရောက်ခဲ့ သည်။အခမ်းအနားမစတင်မီ နိုင်ငံတော် အလံအားအလေးပြုကာ နိုင်ငံတော်သီ ချင်းကို သံပြိုင်သီဆိုကြပြီး ပါတီဗဟို အလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းက အဖွင့်အမှာ စကားပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးအောင်ဇော်ဦးက မိမိ တို့ပါတီအနိုင်ရရှိရေးမှာ ရှေ့တန်းတိုက် စစ်မှူးများသည် သက်ဆိုင်ရာရပ်/ကျေးမှ လုပ်ဆောင်မှုအပေါ်မှီတည်နေကြောင်း စနစ်တကျဆောင်ရွက်တတ်ရန် စသည်ဖြင့် ပြောကြားပြီး တိုင်းဒေသကြီးပါတီကော် မတီဝင် မုံရွာခရိုင်တာဝန်ခံ ဒေါက်တာ ဝင်းမြင့်အောင်က စည်းလုံးညီညွတ်မှုသည် အင်အားဖြစ်စေကြောင်း၊ စည်းလုံးမှုဖြင့် အောင်မြင်အောင်ဆောင်ရွက်စေလိုကြောင်း တိုက်တွန်းပြောကြားသည်။ ထို့နောက် ခရိုင် ပါတီဥက္ကဋ္ဌ ဦးအောင်တိုးက လက်ရှိဆောင် ရွက်နေသောလုပ်ငန်းများ ပြီးပြတ်အောင် ဆောင်ရွက်ရေး၊ ရည်မှန်းချက်များ တစ် ဆင့်ခြင်းဆောင်ရွက်ရေး၊ ပြီးမြောက်မှု ကာလကန့်သတ်၍ ဆန်းစစ်ခြင်းများ ဆောင်ရွက်သွားရေး ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသောင်းထိုက်က အဖွဲ့ခေါင်းဆောင်များ ဆောင်ရွက်ရမည့် လုပ်ငန်းနှင့်တာဝန်များ ကိုရှင်းလင်းဆွေးနွေးခြင်း၊ မြို့နယ်အတွင်း ရေးမှူးဦးမျိုးမြင့်ဦးက မိမိတို့ပါတီ၏ ရပ် တည်ချက်များ၊ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များကိုဆွေးနွေးပြီး တက်ရောက် လာသူများနှင့်အပြန်အလှန်ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး ပါတီဗဟိုအလုပ်အမှု ဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌဒေါက်တာ မြင့်သိန်းနှင့်အဖွဲ့က ရွေးကောက်ပွဲအောင် နိုင်ရေးလုပ်ငန်းအဖွဲ့ခေါင်းဆောင်၊ဒုခေါင်း ဆောင်များကို တာဝန်ပေးခန့်အပ်လွှာများ ကို တစ်ဦးချင်းပေးအပ်ခဲ့ကြသည်။
အခမ်းအနားသို့ ပါတီဗဟိုအလုပ်အမှု ဆောင် တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးအောင်ဇော်ဦး၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် မုံရွာ ခရိုင်တာ ဝန်ခံ ဒေါက်တာဝင်းမြင့်အောင်၊ မုံရွာခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်တိုးနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီ ဥက္ကဋ္ဌဦးသောင်းထိုက်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများမှ ခေါင်းဆောင်၊ ဒုခေါင်း ဆောင်များ တက်ရောက်ခဲ့ကြသည်။
မောင်မောင်မြင့်(ချောင်းဦး)