images
UN
UN
ဘိုကလေးမြို့၏ အနောက်တောင်ဘက်ကို ဗဟိုပြု၍ မြေငလျင်တစ်ခုလှုပ်ခတ်
Wednesday, 11 September 2019
ယနေ့နံနက် ၂နာရီ ၄၈မိနစ် ၄၈စက္ကန့်တွင် ပုသိမ်မြေငလျင်စခန်းမှ အရှေ့တောင်ဘက် ၄၅မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ဘိုကလေးမြို့၏ အနောက်-အနောက်တောင်ဘက် ၂၂မိုင်ခန့် အကွာ) မြောက်လတ္တီတွဒ် ၁၆ ဒသမ ၂၁ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၈ ဒသမ ဝ၇ဒီဂရီ၊ အနက် ၉၆ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၄ ဒသမ ၅အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ် ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။