images
UN
UN
တပ်မတော်မှ အသီးအရွက်နှင့် အသားများ ဈေးနှုန်းချိုသာစွာရောင်ချပေး
Wednesday, 11 September 2019
ကချင်ပြည်နယ်(မြောက်ပိုင်း) တိုင်းစစ်ဌာနချုပ် လက်အောက်ရှိ ဗန်းမော်တပ်နယ်မှ တပ်မတော် သားများသည် ယမန်နေ့ မွန်းလွဲ ပိုင်းက ဗန်းမော်မြို့ပေါ်ရှိ ဌာန ဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံ ပြည်သူများအားသက်သာချောင်ချိရေးအဖြစ် တပ်ရင်း တပ်ဖွဲ့များရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှ ထွက်ရှိသည့် အသီးအရွက်နှင့် အသားများ ကိုဈေးနှုန်းချိုသာစွာရောင်းချပေးခြင်းအား ဗန်းမော်မြို့ အမှတ်(၃)နှင့် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းများ ရှေ့၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထို့သို့အသီးအရွက်နှင့် အသားများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးရာတွင် အသီးအရွက်များကို ကျပ် ၁ဝဝ နှုန်း၊ ကြက်ဥတစ်လုံး ကျပ် ၁ဝဝ နှုန်း၊ ကြက်သား တစ်ပိဿာ ကျပ် ၄ဝဝဝနှင့် ဝက်သားတစ်ပိဿာ ကျပ် ၆၅ဝဝ နှုန်း တို့ဖြင့် ရောင်းချပေးခဲ့ရာ ပညာရေးဝန် ထမ်းဆရာဆရာမများ၊ဌာနဆိုင်ရာဝန်ထမ်း များနှင့် ဒေသခံပြည်သူများ လာရောက် ဝယ်ယူခဲ့ကြပြီး ဒေသခံပြည်သူတစ်ဦးက ''အခုလို ရောင်းချပေးတော့ ပြည်သူတွေ အတွက် အများကြီးသက်သာချောင်ချိမှု ဖြစ်ပါတယ်။ အမြဲတမ်း မဟုတ်တောင် မကြာမကြာရောင်းပေးစေချင်ပါတယ်'' ဟုပြောပြီး သက်သာချောင်ချိရေးဈေး ရောင်းအဖွဲ့မှ အရာရှိတစ်ဦးက ''ဒေသ ပေါက်ဈေးထက် လျှော့ရောင်းနိုင်အောင် တပ်တွင်းမှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ကအဆင်ပြေသလို ဆက်လက်ရောင်းချ ပေးသွားမှာပါ''ဟု ပြောသည်။
ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား တပ်နယ်၊ဗန်းမော်တပ်နယ်၊ တနိုင်းတပ် နယ်နှင့် ပူတာအိုတပ်နယ်များရှိ တပ်ရင်း တပ်ဖွဲ့များမှတပ်မတော်သားများက ဒေသ တွင်းနေပြည်သူများ၏ သက်သာချောင်ချိ ရေးအဖြစ် တန်ဖိုးနည်း ထမင်းဟင်းလျာ များ၊ စိုက်ပျိုးရေးထွက် အသီးအနှံများ၊ မွေးမြူရေးခြံထွက် နွားနို့နှင့် အသားငါး များကို အလှည့်ကျစနစ်ဖြင့် ဈေးနှုန်းချို သာစွာရောင်းချပေးလျက်ရှိကြောင်း သိရ သည်။ မိုဃ်းကျ(မြစ်ကြီးနား)