images
UN
UN
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့  ဖြိုးရေးပါတီ စစ်ကိုင်းတိုင်းဒေသကြီးဥက္ကဋ္ဌ ရွှေဘိုခရိုင်နှင့် မြို့နယ်ကော်မတီဝင်များ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်
သောင်းဌေး Wednesday, 11 September 2019
စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် ရွှေဘိုခရိုင် ပါတီကော်မတီဝင်များ၊ရွှေဘိုခရိုင်အတွင်းရှိ ခြောက်မြို့နယ်မှ မြို့နယ်ပါတီကော်မတီဝင် များ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁ဝ နာရီခွဲတွင် ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်ပါတီ ရုံးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်း ဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း တက်ရောက်ခဲ့သည်။
ယင်းအခမ်းအနားသို့ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူးဦးအောင်ဇော်ဦး၊ တိုင်း ဒေသကြီး ပါတီကော်မတီဝင်ရွှေဘိုခရိုင် တာဝန်ခံ ဒေါက်တာဝင်းမြင့်အောင်၊ ရွှေဘို ခရိုင်ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးဦးမြတ် မျိုးညွန့်၊ ခရိုင်ပါတီကော်မတီဝင်များ၊ ရွှေဘိုမြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇော်ဇော်၊ ရေဦး မြို့နယ်ပါတီဥက္ကဋ္ဌဦးခင်မောင်ဆန်း၊တန့်ဆည် မြို့နယ်ပါတီဥက္ကဋ္ဌဦးကျော်ကျော်ဦး၊ ခင်ဦး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးထွန်းမြင့်၊ ဒီပဲယင်း မြို့နယ်ပါတီအတွင်းရေးမှူးဦးလှမြင့်သန်း၊ ဝက်လက်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုးခိုင်နှင့် ခြောက်မြို့နယ်မှ မြို့နယ်ပါတီကော်မတီဝင် များ တက်ရောက်ခဲ့ကြသည်။
ထိုတွေ့ဆုံပွဲ၌ ပြည်ခိုင်ဖြိုးပါတီ ဗဟို ကော်မတီဝင် စစ်ကိုင်းတိုင်းဒေသကြီး ဥက္ကဋ္ဌဒေါက်တာမြင့်သိန်းက ယနေ့ဖြစ်ပေါ် နေသော နိုင်ငံရေးအခြေအနေများ ဆွေး နွေးခြင်းနှင့် ပါတီတွင်းစည်းလုံး ညီညွတ် ရန် မှာကြားခြင်း၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးအောင်ဇော်ဦးက ပြည် ခိုင်ဖြိုး ပါတီ၏မူဝါဒနှင့်သဘောထားများ ဆွေးနွေးခြင်း၊ တက်ရောက်လာကြသော မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌများက မိမိ တို့၏ဆောင်ရွက်ချက်များ တင်ပြခြင်း၊ ရွှေဘိုခရိုင် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးမြတ်မျိုးညွန့်က ပါတီ၏ရှေ့လုပ်ငန်း စဉ်များဆွေးနွေးခြင်း၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ရွှေဘိုခရိုင်တာဝန်ခံ ဒေါက်တာဝင်းမြင့်အောင်က ပါတီတွင်း စည်းလုံးညီညွတ်ကြရန် အထူးအလေး အနက်ထား ဆွေးနွေးခဲ့သည်။
နိဂုံးချုပ်အနေဖြင့် ပြည်ခိုင်ဖြိုးပါတီ စစ်ကိုင်းတိုင်းဒေသကြီးဥက္ကဋ္ဌ ဒေါက်တာ မြင့်သိန်းက အသီးသီးတင်ပြချက်များအား ခြုံငုံသုံးသပ်သောအနေဖြင့် အမျိုးဘာသာ သာသနာတော်အား ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်ရန် ပါတီတွင်း စည်းလုံး ညီညွတ်ရေး ထပ်ဆင့်ပြီး အလေးအနက် မှာကြားကာ မြို့နယ်ပါတီဥက္ကဋ္ဌများ၊ မြို့နယ်ပါတီကော်မတီဝင်များနှင့်ရှေ့လုပ်ငန်း စဉ်များ အပြန်အလှန် ညှိနှိုင်းဆွေးနွေးကြ ပြီး တွေ့ဆုံပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ ကြသည်။