images
UN
UN
ထန်းတပင်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကြာအင်းကျေးရွာအုပ်စုပါတီဝင်များနှင့် တွေ့ဆုံဆွေးနွေး
ဇော်သိန်း(ထန်းတပင်) Wednesday, 11 September 2019
ရန်ကုန်မြောက်ပိုင်းခရိုင် ထန်းတပင် မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ပါတီဥက္ကဋ္ဌဦးသိန်းရီနှင့် မြို့နယ် ပါတီကော်မတီဝင်များဖြစ်ကြသည့်ဦးသန်း လွင်၊ ဦးတင်ကိုနှင့် ကြာအင်းကျေးရွာအုပ်စု ဒေသခံများသည် ကန့်လန့်ကုန်းကျေးရွာ ဓမ္မာရုံတွင် မွန်းလွဲ ၁ နာရီတွင် တွေ့ဆုံ ဆွေးနွေးပွဲကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါစကားဝိုင်းတွင် ပထမဦးစွာ မြို့နယ်ပါတီကော်မတီဝင် ဒေါ်အေးသီတာ ထွန်းက ပါတီလုပ်ငန်းကိစ္စများ ဆွေးနွေး ပြောကြားခြင်း၊ တရားလွှတ်တော်ရှေ့နေ ဦးမောင်လတ်က ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈)အကြောင်း သိကောင်းစရာများ ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်ပြည်ခိုင် ဖြိုးပါတီရုံး အကြံပေးနာယက ဦးစိုးသိန်း က ဘာသာသာသနာကိစ္စများ ဆွေးနွေး ပြောကြားခြင်း၊မြို့နယ်ပါတီဥက္ကဋ္ဌဦးသိန်းရီ က ပါတီ၏ရှေ့လုပ်ငန်းစဉ်များ၊ ပါတီဝင် စိစစ်ရေးလုပ်ငန်းများ၊ ပါတီအောင်နိုင်ရေး ကိစ္စများ ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ဒေသခံပြည်သူများ တင်ပြဆွေးနွေးမှုများအပေါ် မြို့နယ်ပါတီ ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်း ပြောကြားခဲ့ ကြောင်း သိရသည်။