images
UN
UN
ရတနာပုံတက္ကသိုလ်အား ဆေးလိပ်ငွေ့ကင်းစင်ရေးနယ်မြေအဖြစ် သတ်မှတ်ကြေညာ
ထက်မြတ်(မန္တလေး) Wednesday, 11 September 2019
မန္တလေးမြို့ရှိ ရတနာပုံတက္ကသိုလ်အား ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ် ယမန်နေ့ တွင် သတ်မှတ်ကြေညာနိုင်ခဲ့ကြောင်း သိရ သည်။
ရတနာပုံတက္ကသိုလ်အား ဆေးလိပ်ငွေ့ ကင်းစင်နယ်မြေအဖြစ် သတ်မှတ်နိုင်ရန် ၂ဝ၁၈ ခုနှစ် စက်တင်ဘာလမှစ၍ စတင် အကောင်အထည်ဖော်ခဲ့ပြီး အောက်တိုဘာ လ၌ စတင်ဆောင်ရွက်ခဲ့ရာ ယမန်နေ့တွင် ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ်ကြေညာ ခြင်းဖြစ်ကြောင်း သိရသည်။
''South-East Asia Tobacco Control Alliance (SEATCA) အဖွဲ့အစည်းနဲ့ ကျန်းမာရေး ဝန်ကြီးဌာနနဲ့ပူပေါင်းပြီးတော့ ရတနာပုံတက္ကသိုလ်ကို ဆေးလိပ်ငွေ့ကင်း စင်ကြောင်း နယ်မြေအဖြစ် သတ်မှတ်နိုင်ဖို့ အတွက် ဆောင်ရွက်ခဲ့ပါတယ်။ စီမံချက်ကို တော့၂ဝ၁၈ခုနှစ်ကစတင်ပြီးကျောင်းအတွင်း မှာ သုတေသနတွေ၊ လေ့လာချက်တွေလုပ် ပြီးလို့ခုလိုမျိုးကြေညာနိုင်တာဖြစ်ပါတယ်'' ဟု ရတနာပုံတက္ကသိုလ်ဒုတိယပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာက ပြောသည်။
ဆေးလိပ်သောက်သုံးမှုအန္တရာယ်ကြောင့် နောင်မျိုးဆက်သစ်ကျောင်းသား ကျောင်းသူ များအတွက် ရောဂါဖြစ်ပွားစေခြင်းနှင့် အသက်အန္တရာယ်များမထိခိုက်စေရန် ကာ ကွယ်ရမည်ဖြစ်ကြောင်း သိရှိနားလည်လာ စေရန်၊ ကျောင်းသားကျောင်းသူများသည် ဆေးလိပ်သောက်သုံးခြင်းကို ရှောင်ရှားရန် အတွက် လိုအပ်သော အသိပညာများ၊ ဗဟု သုတများ တိုးပွားလာစေရန် အခါအား လျော်စွာပညာပေးခြင်းများကို ဆောင်ရွက် ရန်၊ ဆေးလိပ်သောက်သုံးခြင်းကို ရှောင်ရှား ခြင်းကြောင့် နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစု များ၊ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် များဖြစ်သည့်ကျောင်းသားကျောင်းသူများကို ကျန်းမာပျော်ရွှင်ပြီး ဥာဏ်ရည်ထက်မြက် သော လူမှုဘဝကိုပိုင်ဆိုင်နိုင်၍ ပညာရေး၊ ကျန်းမာရေး၊စီးပွားရေးအဆင့်အတန်းမြင့်မား လာစေရန် ရည်ရွယ်ချက်မူဝါဒများ ချမှတ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
''ရတနာပုံတက္ကသိုလ်ကို ဆေးလိပ်ငွေ့ ကင်းစင်တဲ့တက္ကသိုလ်အဖြစ် ကြေညာပြီးတဲ့ အတွက် တက္ကသိုလ်အတွင်းမှာ ဆေးလိပ် သောက်မှုတွေမရှိအောင် တက္ကသိုလ်အတွင်း မှာရှိတဲ့ဆိုင်တွေမှာ ဆေးလိပ်မရောင်းချဖို့ အသိပေးထားပါတယ်။ မှောင်ခိုဆေးလိပ် ရောင်းချမှုတွေရှိပါကလည်း တားဆီးနိုင်ဖို့ အတွက် ဆရာဆရာမတွေ၊ ကျောင်းသား ကျောင်းသူတွေ ပူးပေါင်းပါဝင်ပေးဖို့လိုပါ တယ်''ဟုရတနာပုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင်က ပြောသည်။
ရတနာပုံတက္ကသိုလ်သည် အထက် မြန်မာပြည်အတွင်းရှိ တက္ကသိုလ်များအနက် လာရောက်ပညာသင်ကြားသည့် ကျောင်း သား ကျောင်းသူအများဆုံးဖြစ်ပြီး နေ့သင် တန်းတက်ရောက်သည့်ကျောင်းသားကျောင်း သူ နှစ်သောင်းကျော်၊ အဝေးသင်တက် ရောက်နေသည့် ကျောင်းသားကျောင်းသူ လေးသောင်းကျော်စုစုပေါင်းခြောက်သောင်း ကျော်ရှိကြောင်း သိရသည်။