images
UN
UN
ခြေစစ်ပွဲစဉ်များတွင် ၄၃ ပွဲဆက် မရှုံးသည့်စံချိန်ကို အင်္ဂလန်အသင်းရရှိ မျိုးဆက်သစ်များ ပေါ်ထွက်ခဲ့မှုက အင်္ဂလန်အား အကျိုးရှိစေခဲ့ဟုဆို
Wednesday, 11 September 2019
ကိုဆိုဗိုနှင့် ယှဉ်ပြိုင်ကစားခဲ့ သောခြေစစ်ပွဲစဉ်တွင် ၅-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းကြောင့် အင်္ဂလန် လက်ရွေးစင်အသင်းသည် ကမ္ဘာ့ ဖလားပြိုင်ပွဲနှင့် ဥရောပဖလား ပြိုင်ပွဲများ၏ခြေစစ်ပွဲစဉ်များတွင် ၄၃ ပွဲဆက် ရှုံးပွဲမရှိသည့်စံချိန်ကို ပိုင်ဆိုင်ခဲ့ကြောင်း ဘီဘီစီသတင်း ဌာနက ဖော်ပြသည်။
အင်္ဂလန်လက်ရွေးစင်အသင်း သည် ၂ဝဝ၉ ခုနှစ်က ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစား ခဲ့သောယူကရိန်းနှင့်ပွဲစဉ်တွင် ၁-ဝ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သောပွဲ နောက်ပိုင်း၌ ယှဉ်ပြိုင်ကစားခဲ့သော ခြေစစ်ပွဲစဉ် များ၌ ရှုံးနိမ့်ခဲ့ခြင်းမရှိသည့် မှတ် တမ်းကိုပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။ ယူကရိန်းအား ရှုံးနိမ့်ခဲ့သောပွဲစဉ်၌ အင်္ဂလန်လက်ရွေးစင်အသင်းသည် ဂိုးသမားရောဘတ်ဂရင်းထုတ်ပယ် ခံခဲ့ရခြင်းကြောင့် ကစားသမားတစ် ဦးလျော့ဖြင့် ကစားခဲ့ရပြီးနောက် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။ အင်္ဂလန် လက်ရွေးစင်အသင်းသည် ခြေစစ် ပွဲစဉ်များ၌ ၄၃ ပွဲဆက် ရှုံးနိမ့် ခြင်း မရှိသည့်မှတ်တမ်းအား ပိုင် ဆိုင်ခဲ့ရာတွင် ၃၄ ပွဲ အနိုင်ရရှိခဲ့ကာ ကိုးပွဲ သရေကျခဲ့သည်။ အဆိုပါ မှတ်တမ်းအား ပိုင်ဆိုင်ခဲ့ရာ၌ မတူညီသည့်နည်းပြများဖြစ်သော ကာပယ်လို၊ ရွိုင်းဟော့ဒ်ဆန်၊ ဆမ် အာလာဒိုက်စ်နှင့် လက်ရှိနည်းပြ ဆောက်ဂိတ်တို့ ဦးဆောင်မှုအောက် တွင် ရှုံးပွဲမရှိသည့်မှတ်တမ်းအား ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။ ရှုံးပွဲမရှိ မှတ်တမ်း ပိုင်ဆိုင်ခဲ့သည့် ၁ဝ စုနှစ် တစ်ခုအတွင်း အင်္ဂလန်လက်ရွေး စင်အသင်းသည် လူငယ်သွေးသစ် များ ပိုင်ဆိုင်ခဲ့မှုကြောင့် ခြေစွမ်း မြင့်တက်လာခဲ့သည်ဟုလည်းကျွမ်း ကျင်သူများက သတ်မှတ်ခဲ့ကြ သည်။
အင်္ဂလန်လက်ရွေးစင်ဟောင်း တစ်ဦးဖြစ်သော ဒန်နီမာဖီက ''ပြီး ခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာကတည်း က အင်္ဂလန်ဟာ ဘယ်လိုအနေ အထားမျိုးရှိတယ်ဆိုတာကို မြင်ခဲ့ ရပြီးဖြစ်ပါတယ်။ လူငယ်သွေးသစ် တွေကြောင့် အင်္ဂလန်ဟာ ပိုကောင်း တဲ့အသင်းတစ်သင်း ဖြစ်လာမှာ ပါ''ဟု ပြောသည်။ွRef ;BBC