images
UN
UN
နေမာအား ရောင်းချရန်သာ ပီအက်စ်ဂျီ စဉ်းစား
Wednesday, 11 September 2019
ပီအက်စ်ဂျီအသင်းဘောလုံးဒါရိုက်တာလီယိုနာဒိုသည် အသင်း၏ တိုက်စစ်မှူးနေမာအား ရောင်းချရန်သာ စဉ်းစားလျက်ရှိကြောင်း ပီ အက်စ်ဂျီအသင်းနှင့်နီးစပ်သည့်သတင်းရင်းမြစ်များက အတည်ပြုခဲ့သည်။ နေမာသည် ပြီးခဲ့သည့် နွေရာသီကစားသမားအပြောင်းအရွှေ့ဈေးကွက် အတွင်း၌ လာလီဂါထိပ်သီးကလပ်များဖြစ်သောရီးရဲလ်မက်ဒရစ်နှင့် ဘာစီလိုနာသို့ ပြောင်းရွှေ့ရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရခဲ့ပေ။ ပီအက်စ်ဂျီအသင်းပရိသတ်များက နေမာသည် အသင်းအပေါ် ပေးဆပ်လို စိတ်နှင့် တန်ဖိုးထားသည့်စိတ်မရှိဟု သတ်မှတ်ကာ လှောင်ပြောင်မှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်းတွင် နေမာသည် အသင်းမှ ထွက်ခွာရန် ကြိုးပမ်းခဲ့ သော်လည်း ပြောင်းရွှေ့ကြေး ညှိနှိုင်းရာတွင် အဆင်မပြေခဲ့သောကြောင့် အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့ခြင်းဖြစ်သည်။ ပီအက်စ်ဂျီအသင်းတာဝန် ရှိသူများနှင့် ညှိနှိုင်းပြီးနောက် လာမည့်နွေရာသီအပြောင်းအရွှေ့ဈေးကွက် ဖွင့်ချိန်အထိ ပီအက်စ်ဂျီအသင်းတွင် ဆက်နေရန် နေမာက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ Ref ;Tutosports