images
UN
UN
လူစားလဲသည့် စည်းမျဉ်းသစ်ကြောင့် ကစားသမားများ၏လုံခြုံမှု ထိခိုက်ဖွယ်ရှိ
Wednesday, 11 September 2019
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ပြောင်းလဲပြင်ဆင်လိုက်သောပွဲချိန် အတွင်း လူစားလဲသည့်စည်းမျဉ်း သစ်ကြောင့် ကစားသမားများ၏ လုံခြုံမှုအား ထိခိုက်စေဖွယ်ရှိသည် ဆိုသော သုံးသပ်မှုများ ပေါ်ထွက် လျက်ရှိသည်။
စည်းမျဉ်းသစ်အရ ဘောလုံး ပွဲချိန်အတွင်း ကွင်းတွင်းရှိ လူစား လဲခံရသော ကစားသမားသည် အနီးဆုံးနေရာမှ ကွင်းပြင်ပသို့ ထွက်ခွာရန် သတ်မှတ်ထားသည်။ ပြိုင်ဆိုင်မှုပြင်းထန်သည့်ဒါဘီပွဲစဉ် များကဲ့သို့ ပွဲစဉ်များတွင် အနီးဆုံး နေရာမှ ကွင်းဘေးသို့ ထွက်ခွာရ မည်ဖြစ်သောကြောင့် ပြိုင်ဘက် ပရိသတ်များ ကြည့်ရှုနေသည့်ပွဲ ကြည့်စင်ဘက်မှ ထွက်ခွာရသည့် အခြေအနေမျိုး ကြုံတွေ့လာမည် ဆိုပါက မလိုလားအပ်သောပဋိပက္ခ ဖြစ်စဉ်များ ဖြစ်ပွားလာနိုင်ခြေ ရှိသောကြောင့် အဆိုပါ စည်းမျဉ်း အား ပြန်လည်သုံးသပ်မှုများ ပြုလုပ် ရန် တိုက်တွန်းမှုများ ပေါ်ထွက် လျက်ရှိသည်။ Ref ;Guardian