images
UN
UN
ဒဏ်ရာကြောင့် လိုဆယ်လို နှစ်လခန့် နားရဖွယ်ရှိ
Wednesday, 11 September 2019
စပါးကွင်းလယ်ကစားသမားလိုဆယ်လိုသည် ဒဏ်ရာကြောင့် နှစ်လ ခန့် အနားယူရဖွယ်ရှိကြောင်း စပါးအသင်းဆေးအဖွဲ့က သတင်းထုတ်ပြန် သည်။ လိုဆယ်လိုသည် ချီလီနှင့် ဂိုးမရှိ သရေကျခဲ့သော ခြေစမ်းပွဲစဉ် တွင် အာဂျင်တီးနားနှင့်အတူ ပါဝင်ကစားခဲ့စဉ်အတွင်း တင်ပါးဆုံတွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ လိုဆယ်လိုသည် ပြီးခဲ့သည့် နွေရာသီ ကစား သမားအပြောင်းအရွှေ့ဈေးကွက်အတွင်း၌ စပါးအသင်းသို့ ရောက်ရှိလာ ခဲ့သူဖြစ်သည်။ အသက် ၂၃ နှစ်အရွယ်သာရှိသေးသောလိုဆယ်လိုသည် ယခုဘောလုံးရာသီတွင် လူစားဝင်ကစားသမားအဖြစ်သာ ကစားခွင့်ရရှိ ထားသော်လည်း စပါးနည်းပြပိုချက်တီနိုက ရည်မှန်းချက်ကြီးမားစွာဖြင့် ခေါ်ယူခဲ့သည့်ကစားသမားဖြစ်သည်။ စပါးအသင်းဆေးအဖွဲ့၏ သတင်း ထုတ်ပြန်ချက်အတွင်း၌ လိုဆယ်လို၏ဒဏ်ရာအခြေအနေကှိုခညေ ဖတ်ကာ စစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်၍ အနားယူရမည့်ကာလကို တိကျစွာ မခန့်မှန်းနိုင်ကြောင်း ဖော်ပြသည်။ Ref ;Teamtalk