images
UN
UN
နိုင်ငံလက်ရွေးစင်အသင်းနှင့်ပတ်သက်သောစံချိန်သစ်များကို ရော်နယ်ဒိုရယူ
Wednesday, 11 September 2019
ပေါ်တူဂီတိုက်စစ်မှူးရော်နယ် ဒိုသည် နိုင်ငံလက်ရွေးစင်အသင်း နှင့်ပတ်သက်သော စံချိန်သစ်များ ကို ရရှိသွားခဲ့ကြောင်း နထစမနျ သတင်းဌာနက ဖော်ပြသည်။
ရော်နယ်ဒိုသည် ပေါ်တူဂီက လစ်သူယေးနီးယားအား ၅-၁ ဂိုး ဖြင့် အနိုင်ရရှိခဲ့သောပွဲတွင် လေးဂိုး သွင်းယူနိုင်ခဲ့ခြင်းကြောင့် စံချိန်သစ် များကို ပိုင်ဆိုင်သွားခဲ့ခြင်း ဖြစ် သည်။ အဆိုပါသွင်းဂိုးများကြောင့် ရော်နယ်ဒိုသည် ဥရောပဖလား ခြေ စစ်ပွဲများတွင် သွင်းဂိုး ၂၄ ဂိုးအထိ ရရှိသွားကာ ယခင်က ဥရောပ ဖလားခြေစစ်ပွဲများတွင် ၂၃ ဂိုး သွင်းယူကာ ဂိုးအများဆုံးသွင်းယူ သည့်စံချိန်ကို ရယူထားသော အိုင် ယာလန်တိုက်စစ်မှူးရော်ဘီကိန်း ၏စံချိန်ဟောင်းအား ချိုးဖြတ်နိုင် ခဲ့ခြင်းဖြစ်သည်။ အသက် ၃၄ နှစ် အရွယ်ရှိပြီသောရော်နယ်ဒိုသည် ပေါ်တူဂီအတွက် ပွဲ ၁၆ဝ ကစား ပေးခဲ့ပြီးနောက် ၉၃ ဂိုးအထိ သွင်း ယူပေးနိုင်ခဲ့သည်။ ပေါ်တူဂီအတွက် ၉၃ ဂိုး သွင်းယူပေးနိုင်ခဲ့ရာတွင် ရော်နယ်ဒိုသည် ဟက်ထရစ် ရှစ် ကြိမ်အထိ သွင်းယူပေးနိုင်ခဲ့သည်။ ထို့အပြင် ရော်နယ်ဒိုသည် နိုင်ငံ လက်ရွေးစင်အသင်းအတွက် ၉၃ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ခြင်း အတွက်ကြောင့် ဥရောပတိုက်ရှိ နိုင်ငံလက်ရွေးစင်အသင်းတစ်သင်း အတွက်ဂိုးအများဆုံးသွင်းယူပေးထား သည့်ကစားသမားအဖြစ်မှတ်တမ်း ဝင်လျက်ရှိသည်။ Ref ;Express