images
UN
UN
ဘက်ဟမ်း၏ကလပ်သို့ မက်ဆီ ရောက်ရှိရန် နီးစပ်နေ
Wednesday, 11 September 2019
ဘာစီလိုနာတိုက်စစ်မှူးမက်ဆီ သည် မန်ယူနှင့် ရီးရဲလ်မက်ဒရစ် ကစားသမားဟောင်း ဘက်ဟမ်း တည်ထောင်ထားသောအင်တာ မိုင်ယာမီကလပ်သို့ ရောက်ရှိရန် နီးစပ်လျက်ရှိသည်။
ဘက်ဟမ်းသည် အင်တာမိုင် ယာမီအား ၂ဝ၂ဝ ပြည့်နှစ်တွင် အမေရိကန်မေဂျာလိဂ်ပြိုင်ပွဲ၌ စတင်ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ် ထားသည်။ ဘက်ဟမ်းသည် အင် တာမိုင်ယာမီသို့ ကမ္ဘာကျော်ကစား သမားများအားခေါ်ယူရန် ကြိုးပမ်း ရာတွင် မက်ဆီအား ဦးစားပေး ခေါ်ယူရန် စီစဉ်လျက်ရှိသည်။ အသက်၃၂နှစ်အရွယ်ရှိပြီဖြစ်သော မက်ဆီသည် ဘာစီလိုနာနှင့် ၂ဝ၂၁ ခုနှစ်ထိ စာချုပ်သက်တမ်း ရှိနေ သော်လည်း ဘာစီလိုနာ၏ မူဝါဒ များအရ ဘောလုံးရာသီတစ်ခု ကုန် ဆုံးချိန်တိုင်းတွင် စာချုပ်သက်တမ်း ကျန်ရှိနေသည့်ကြားမှ အသင်း ပြောင်းလိုပါက အသင်းပြောင်းခွင့် ရှိနေသည်။ ဘက်ဟမ်းသည် မက် ဆီနှင့် ဆက်ဆံရေးကောင်းများ တည်ဆောက်ထားနိုင်သည့်အပြင် ဘောလုံးသမားဘဝအား ကာလ ရှည် ဆက်လက်ပိုင်ဆိုင်မည့် အခွင့် အရေးမျိုးပေးမည်ဟု မက်လုံးပေး နိုင်သည့် အနေအထားတွင် ရှိနေ သောကြောင့် မက်ဆီအား ခေါ်ယူ နိုင်ဖွယ်ရှိနေခြင်း ဖြစ်သည်။ ထို့ အပြင် မက်ဆီကိုယ်တိုင်ကလည်း ဘာစီလိုနာမှ ထွက်ခွာပါက အခြား ဥရောပကလပ်များကို ရွေးဖွယ်မရှိ ဟု ပြောကြားခဲ့ဖူးသည်။
Ref ;Gold