images
UN
UN
ဗစ်တိုးရီးယားလေးဟာ မကြုံဖူးအောင် တက်ကြွရွှင်လန်းစွာဖြင့် မေးတဲ့မေးခွန်းများကို ရင်ဘတ်ကိုထုကြောင်းနှင့် ဆိတ်ခံရသည့်နေရာတို့အား တိတိကျကျဖြေဆိုနိုင်
တင်တင်အေး Wednesday, 11 September 2019
ကိုကိုအငယ်က ရင်ဘတ်ကို ထုပြီး ကိုကိုအကြီးက သူ့ရဲ့ ဖင်ဖု ကို ဆိတ်တယ်လို့ ဗစ်တိုးရီးယား လေး ကိုယ်တိုင်တရားရုံးမှာ ယနေ့ သက်သေထွက်ဆိုလိုက်ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နု အောင်၏ ပြောကြားချက်အရ သိရ သည်။
ဗစ်တိုးရီးယားလေးအမှု၏ (၆)ကြိမ်မြောက်ရုံးချိန်းကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ဒက္ခိဏသီရိခရိုင်တရားရုံးတွင် ပြုလုပ်ခဲ့ရာ ရုံးတွင်းစစ်ဆေးမှုများ နှင့်ပတ်သက်ပြီး တရားလိုဘက်မှ လိုက်ပါဆောင်ရွက်သူ တရား လွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင် က မီဒီယာများကို အထက်ပါ အတိုင်းရှင်းလင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒေါ်ရွက်နုအောင်က ''ပထမ ရုံးတော်ကို ကျွန်မတို့ရောက်တဲ့ အချိန်မှာတုန်းကတော့ တရားရုံး တော်က ဘယ်သူမှ ဝင်ခွင့်မပြု ဘူးဆိုတဲ့ အခြေအနေတစ်ခုရှိပါ တယ်။ ဒါပေမဲ့ကလေးလေးအဖေ နဲ့ ကျွန်မတို့တောင်းဆိုတဲ့အခါမှာ တရားရုံးကနေပြီးတော့ ဒီပါဝါ ပါတဲ့ရှေ့နေကို ဝင်ခွင့်ပေးလိုက်ပါ တယ်။ နောက်ပြီိး သမီးလေးရဲ့ အဖေနဲ့ အမေကိုလည်း ဝင်ခွင့်ပေး လိုက်ပါတယ်။ ကျွန်မတို့အထဲမှာ တံခါးပိတ်ပြီးတော့မှ စစ်တာပါ။ ကလေးလေးက Óဏ်ကောင်းပါ တယ်။ ပြောမယ်ဆိုရင် ပြည်သူ့ရဲ့ သမီးဖြစ်နေတာဆိုတော့ ပြည်သူ တစ်ရပ်လုံးရဲ့ပို့တဲ့ မေတ္တာကြောင့် ကလေးလေးဟာ ဒီနေ့မှာဆိုရင် ပုံမှန်ထက်ကို ရွှင်ရွှင်လန်းလန်း တက်တက်ြ<ွကြ<ွက ဖြစ်ပါတယ်။ အမှန်အတိုင်းပြောရင် ကျွန်မတို့က အရမ်းစိုးရိမ်နေတယ်။ သမီးလေး က အရမ်းငယ်တော့ တစ်ခုခုဆို တရားခွင်မှာ နားလည်မလည် တော့ ပြောချင်ရာတွေ ပြောသွား ရင် ကျွန်မတို့ ဘာမှမတတ်နိုင် ဘူးလေ။ ရုံးတော်ကလည်း ဘာမှ တတ်နိုင်မှာ မဟုတ်ဘူးလေ။ ဒါပေမဲ့ ဒီနေ့အခါမှာ တစ်နိုင်ငံလုံး မှာရှိတဲ့ ပြည်သူတွေက သမီးလေး ကိုပို့တဲ့ မေတ္တာကြောင့် သမီးလေး ကို တကယ့်ကို မကြုံဖူးအောင် တက်တက်ြ<ွကြ<ွကရွှင်ရွှင်လန်း လန်းနဲ့ မေးတဲ့မေးခွန်းကို ဖြေနိုင် သွားပါတယ်''ဟု ထပ်လောင်း ပြောကြားခဲ့သည်။
မေလ ၁၆ ရက်နေ့က နေပြည် တော်ရှိ Wisdom Hill မူကြို ကျောင်းတွင် ဖြစ်ပွားခဲ့သည့် သက် ငယ်မုဒိမ်းမှုကိစ္စနှင့် ပတ်သက်၍ တရားခံဟုယူဆရသူ ယာဉ်မောင်း အောင်ကြီးကို ပုဒ်မ ၃၇၆ဖြင့် ဒက္ခိဏသီရိခရိုင် တရားရုံးတွင် တရားစွဲဆိုထားပြီး ဇူလိုင်လ ၁၅ ရက်နေ့က ရုံးထုတ်စစ်ဆေးမှုများ စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။