images
UN
UN
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသောင်းအေးကြ<ွာ့ငြိမ်းချမ်းမှုဖော်ဆောင်ရေးကိုယ်ကျင့်သီလ ဗဟုသုတပြိုင်ပွဲဖြေဆိုမည့်ကျောင်းသားများအား ဖြေဆိုပုံရှင်းလင်းပွဲသို့တက်ရောက်
Wednesday, 11 September 2019

ပျော်ဘွယ်မြို့နယ်အတွင်း ရှိ ဘုန်းတော်ကြီးသင်စာသင် ကျောင်း ၁၆ ကျောင်းမှ ကမ္ဘာ့ ငြိမ်းချမ်းမှုဖော်ဆောင်ရေး ကိုယ်ကျင့်သီလဗဟုသုတပြိုင် ပွဲတွင် ဖြေဆိုမည့်ကျောင်းသား များအားဖြေဆိုပုံများကို ရှင်း လင်းသည့် အခမ်းအနားကို ယနေ့နံနက်က ကျင်းပခဲ့ပြီး ဖြေဆိုသူ ၂ဝဝဝ ကျော် စာရင်း ပေးခဲ့ကြောင်း သိရသည်။အဆိုပါ ကမ္ဘာ့ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအနေဖြင့် ကိုယ် ကျင့်သီလဗဟုသုတပြိုင်ပွဲကို နိုင်ငံ အနှံ့အပြားတွင် ကျင်းပခြင်းဖြစ် ပြီး ၃၈ဖြာမင်္ဂလာတရားတော်ကို ဘာသာစကားငါးမျိုးဖြင့် ဖြေဆိုနိုင် သည်။
နိုဝင်ဘာ ၃ဝရက်တွင် ပျော် ဘွယ် မြို့နယ်၌စာမေးပွဲ ကျင်းပ မည်ဖြစ်ကာဆုရရှိသူများ ထိုင်း နိုင်ငံသို့သွားရောက်ရမည်ဖြစ်သည်။
အဆိုပါအခမ်းအနားကို ပျော် ဘွယ်မြို့နယ် ရာပြည့်သာသနာ့ ဗိမာန်တော်ကြီးတွင် ထိုင်းနိုင်ငံ အခြေစိုက် World P E C အဖွဲ့မှ ဘုန်းတော်ကြီုးkeerati kittiko နှင့် ပြည်ခိုင်ဖြိုးပါတီမှပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသောင်းအေး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်တို့နှင့် ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက် ရောက်ခဲ့ကြသည်။
စာမေးပွဲစည်းမျဉ်းစည်းကမ်း များ ဆုတံဆိပ်များကို ထိုင်းနိုင်ငံ ဆရာတော်ကအသေးစိတ်ရှင်းပြ ပြီး စာအုပ်များပေးအပ်လှူဒါန်းခဲ့ သည်။ WT