images
UN
UN
ဒဂုံဆိပ်ကမ်းဇာမဏီဖယောင်းသိုလှောင်ရုံ မီးလောင်မှုဖြစ်ပွား ၁၇ ဦးဒဏ်ရာရ
Wednesday, 11 September 2019
ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် စက်မှုဇုန်(၁) အတွင်းရှိ Steel Structure ဇာမဏီ ဖယောင်းသိုလှောင်ရုံမီးလောင်ကျွမ်းမှုကြောင့် မီးသတ်တပ်ဖွဲ့ဝင် သန္ဓေအရန် ၁၂ ဦးနှင့် အရပ်သား စက်မှုဇုန်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့မှ ငါးဦး စုစုပေါင်း ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန် တိုင်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။''မီးသတ်တပ်ဖွဲ့ဝင်က ၁၂ဦး၊ အရပ်သားက ၅ ဦး စုစုပေါင်း ၁၇ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အခုလက်ရှိအခြေအနေအရ စိုးရိမ် စရာ အခြေအနေမရှိတော့ပါဘူး'' ဟု ၄င်းကပြောသည်။
ဖြစ်စဉ်မှာ ယမန်နေ့ ည ၇ နာရီခန့်က ဒဂုံဆိပ်ကမ်းမြို့နယ် စက်မှုဇုန် (၁) ကွမ်းအပ်မင်းသား လမ်းအမှတ်(၁ဝ)ရှိပိုင်ရှင်ဦးတင်အေး ၏ Steel Structure ဇာမဏီ ဖယောင်းသိုလှောင်ရုံတွင် LEVEL 4 အဆင့်ဖြင့် မီးလောင်မှုဖြစ်ပွား ခဲ့ရာ အဆိုပါ ဖယောင်းများမှမီး အပူရှိန်နှင့် အရပ်လေးမျက်နှာသို့ အရည်ပျော်စီးဆင်းခဲ့ပြီး အပင်ငယ် အမှိုက်များသို့ကူးစက်လောင်ကျွမ်း ကာ အရည်ပျော်ပျံ့နှံ့စီးဆင်းခဲ့ သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရပ်သား အချို့အရေပြားများ လောင်ကျွမ်းဒဏ်ရာများရရှိခဲ့ပြီး အဆိုပါဒဏ်ရာရသူများကို ဒဂုံ ဆိပ်ကမ်းဆေးရုံနှင့် သင်္ဃန်းကျွန်း စံပြဆေးရုံများသို့ ပို့ဆောင်၍ဆေး ကုသမှုခံယူလျက်ရှိကြောင်း သိရ သည်။
အဆိုပါ မီးလောင်မှုဖြစ်ပွား ရာသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် ၉၂စီး၊ င်္သော အမြှုပ်ဆေးရည်၆၉၇ဂါလန်နှင့် ရေ ဂါလန်၂၅ဝဝဝဝခန့် အသုံးပြုငြှိမ်း သတ်ခဲ့ရပြီး အရေးပေါ်လူမှုကယ် ဆယ်ရေးအသင်းအဖွဲ့များ၊ ပရ ဟိတအသင်းအဖွဲ့များနှင့် ဒေသခံ ပြည်သူများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ခဲ့မှုများကြောင့် ည ၁ဝ နာရီခွဲတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ မေနဒီမြနွယ